ကချင်ပြည်နယ်ဝန်ကြီးချုပ် ဆွတ်ငိုင်တောင် ယာယီ တိမ်းရှောင်စခန်းရှိ နေရပ်စွန့်ခွာ နေထိုင်သူများအား သွားရောက်ထောက်ပံ့

ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့နယ်နှင့် ဝိုင်းမော်မြို့နယ်များမှ နေရပ်ကျေးရွာများကို စွန့်ခွာ၍ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းရှိ ဆွတ်ငိုင်တောင်စခန်းသို့ ယာယီတိမ်းရှောင်လာခဲ့ကြသော အိမ်ထောင်စုများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဧပြီ ၈ ရက် ညနေ ၃ နာရီက သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက မြစ်ကြီးနားမြို့နယ် အကြဲကျေးရွာအုပ်စုနှင့် ဝိုင်းမော်မြို့နယ် ဒဘတ်ယန်ကျေးရွာ၊ ဂါးရာယန် ကျေးရွာများမှ ခေတ္တတိမ်းရှောင် လာသော အိမ်ထောင်စု (၁၀)စု၊ လူဦးရေ (၅၃)ဦးတို့အတွက် ထောက်ပံ့ငွေ ကျပ်သိန်း (၅၀)နှင့် ငွေကျပ် (၅၂၂၅၀၀) တန်ဖိုးရှိ ဆန်အိတ်များ၊ ခေါက်ဆွဲခြောက်ဖာ (၁၀)ဖာ၊ ကြက်ဥ (၁၀)ကဒ်နှင့် ဆီ(၁၀)ပိဿာတို့ကို အသီးသီး ထောက်ပံ့ပေးအပ် ခဲ့ကြသည်။

ယင်းနောက် အိမ်ထောင်စုများက စခန်းအတွင်း နေထိုင်စားသောက်ရာတွင် လိုအပ်ချက်များ၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ၊ အခက်အခဲများကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က မိသားစုများ၏ လိုအပ်ချက်များ အပေါ် အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာတာ ဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ် ၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၉-၄-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post ဘီးလင်းမြို့နယ် ထွေအုပ်ရုံးကို KNU/PDF က ဒရုန်းဗုံး ပစ်ချတိုက်ခိုက်၍ အဆောက်အဦပျက်စီး