
ဧပြီ (၁၀)ရက်နေ့မှ (၁၂) ရက်နေ့အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမည်
ဧပြီ (၁၀)ရက်နေ့မှ (၁၂) ရက်နေ့အတွင်း တနင်္သာရီ တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ကယားပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်ကြေညာထားပါသည်။
အရှေ့ဘက်မှ ရွေ့လျားလာသော တိမ်တိုက်များကြောင့် လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်း ကြောင့်လည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း အချိန်အခါ မဟုတ် မိုးရွာခြင်းဖြစ်သည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးတိမ်တောင်ဖြစ်ထွန်းမှု အားကောင်းသော ဒေသများတွင် လေပြင်းတိုက်ခတ်ခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။