လာခြင်းကောင်းတဲ့ မက်ဆီရဲ့ခြေစွမ်းပြမှုနဲ့အတူ နှစ်ပွဲဆက်ဂိုးပြတ် အနိုင်ရခဲ့တဲ့ အင်တာမီယာမီ

ဇူလိုင်လ ၂၆ ရက်

ယနေ့နံနက် ကစားခဲ့တဲ့ အင်တာမီယာမီနှင့် အတ္တလန်တာယူနိုက်တက်အသင်းတို့  လိဂ်ပွဲစဉ်မှာ လေးဂိုး ဂိုးမရှိဖြင့် အင်တာမီယာမီ အသင်းက အနိုင်ရရှိခဲ့ပါတယ်။

ထိုပွဲစဉ်မှာ မက်ဆီအနေဖြင့် သွင်းဂိုးနှစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ဂိုးဖန်တီးမှုတစ်ကြိမ်လည်း ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ယနေ့ပွဲစဉ်မှာ မက်ဆီနဲ့ဘက်စ်ကွက်တို့ ပထမဆုံးအကြိမ် ပွဲစကတည်းက ပါဝင်ကစားခဲ့ပြီး အင်တာမီယာမီတို့ အရင်ကမလုပ်နိုင်ခဲ့တဲ့ ဂိုးပြတ်နိုင်ပွဲတစ်ခုကို ဖော်ဆောင်သွားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီပွဲမှာ ပွဲထွက်ပါဝင်လာတဲ့ မက်ဆီက ဦးဆောင်ဂိုးနှစ်ဂိုးကို သွင်းယူခဲ့ပြီးနောက် အင်တာမီယာမီတို့ တစ်ပွဲလုံးအသာစီးနဲ့ ကစားနိုင်ခဲ့ပါတယ်။ မက်ဆီဟာ ဒုတိယပိုင်းအစမှာ သွင်းယူခဲ့တဲ့ တေလာရဲ့ နှစ်ဂိုးမြောက်သွင်းဂိုးကိုလည်း ဖန်တီးပေးခဲ့ပါသေးတယ်။

မက်ဆီအနေဖြင့် အင်တာမီယာမီအင်္ကျီကိုဝတ်ဆင်ကာ ဘောလုံး ကစားခဲ့တဲ့ ၁၁၈ မိနစ်အတွင်း စုစုပေါင်း သွင်းဂိုး ၃ ဂိုး နှင့် ဂိုးဖန်တီးမှု ၁ ကြိမ် ဖန်တီးထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒီပွဲစဉ်ကြောင့် အင်တာ မီယာမီဟာ အသင်းရဲ့ သမိုင်းမှာ ပထမဆုံးအကြိမ် အဖြစ် ပြိုင်ဘက်ကို သုံးဂိုး အထက် သွင်နိုင်ခဲ့တဲ့ မှတ်တမ်းတစ်ခုကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဆရာလေးဒေါ်မေတ္တာနန္ဒီ ဘွဲ့အမည်ဖြင့် သာသနာ့ဘောင်ထဲဝင်ရောက်ခဲ့သော သရုပ်ဆောင် မြတ်သူသူ
Next post အမိုက်စားဘော်ဒီနှင့် ပရိသတ်တွေကို နှုတ်ဆက်လိုက်သော နန်းခင်ဇေယျာ