(၄-၃-၂၀၂၄)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၄-၃-၂၀၂၄)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ NCA ထက်ပိုကောင်းသည့် ငြိမ်းချမ်းရေးလမ်းကြောင်း မရှိသေးဟု KNU ပဒိုစောရွှေမောင်း သတိပေး

၂။ ယနေ့တွင် ဒေါ်လာ ၁၀ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ ထပ်မံထုတ်ရောင်းပေးမည်ဟု ဗဟိုဘဏ် အသိပေး

၃။ ပိုကုန်လိုင်စင်/ပါမစ်လျှောက်ထားမှု ပြင်ဆင်ဖြည့်စွက်ရမည့်ကာလကို ၇ ရက်အစား ၁၄ ရက်အထိ တိုးမြှင့်ပေးထား

၄။ အကြောင်းအမျိုးမျိုးကြောင့် ပြောင်း‌ရွှေ့နေထိုင်သောဒေသတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုလိုသူများရှိပါက သက်ဆိုင်ရာ-မြိုနယ်ပညာရေးမှူးရုံးနှင့် ဆက်သွယ်ရန်အသိပေး

၅။ မြန်မာအရေးဆွေးနွေးပွဲက နှစ်နိုင်ငံကြား ဆက်ဆံရေးကို သက်ရောက်မှုတွေရှိလာနိုင်ကြောင်း မြန်မာအစိုးရပြော

၆။ ဝတ်စလစ် အကမယ်ဖျော်ဖြေမှုကြောင့် နေပြည်တော်ရှိ အရက်ဘားတစ်ခု တစ်လဆိုင်ပိတ်သိမ်း

၇။ မတ်လ ၃ရက်နေ့က ဖြူးမြိုမှ မခြူးခက်နွယ် (ခ) မပိုးဥ၏ နာရေးကို မြိုလုံးကျွတ် လိုက်လာပါပိုဆောင်သည့် သံဃာတော်များ နှင့် ဒေသခံများ

၈။ မတ်လ ၃ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၆၇၉,၉၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၁၅ ကျပ်၊ Octane 95 – ၂၈၃၅ ကျပ်၊ Diesel – ၂၄၈၅ ကျပ်၊ Premium Diesel – ၂၅၂၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ အပစ်ရပ်စဲရေး မူဘောင်ကို အစ္စရေးက သဘောတူထားပြီး ဟားမတ်စ်ဘက်က ဆုံးဖြတ်ဖိုသာရှိတော့ဟု အမေရိကန် ပြော

၂။ အီမရန်ခန်းကိုထောက်ခံသည့် အမတ်များက ကန့်ကွက်နေသည့်ကြားတွင် ပါကစ္စတန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသစ်ကို တင်မြှောက်

၃။ ယူကရိန်းက ခရိုင်းမီးယားကို ဒရုန်း ၃၈ စင်း စေလွှတ်တိုက်ခိုက်ခဲ့ပြီး အားလုံးကို ဖျက်ဆီးပစ်နိုင်ခဲ့ဟု ရုရှား ပြောဆို

၄။ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပိုမိုကူညီထောက်ပံ့ပေးဖို ယူကရိန်းသမ္မတဇီလန်စကီး ထပ်မံတောင်းဆို

၅။ ဂါဇာအတွက် အစားအစာများ ကန်က ဝေဟင်မှကြဲချပေး

၆။ ထိုင်းနိုင်ငံ၌ အငှားကိုယ်ဝန်ဆောင်ခြင်းအား နိုင်ငံခြားသားများအတွက်ပါ တရားဝင်လုပ်ဆောင်နိုင်တော့မည်

အားကစားသတင်းများ

၁။ လက်ရွေးစင်ဟောင်းတွေနဲ့ စုဖွဲထားမှုကြောင့် ပရိသတ်စိတ်ဝင်စားနေတဲ့ ရခိုင်ယူနိုက်တက်

၂။ မနှစ်က အယ်တီဟတ်မှာပဲ ဟက်ထရစ်တွေ ကိုယ်စီနဲ့ ရှယ်ကြမ်းထားခဲ့တဲ့ ဖိုဒန် ဟာလန်းတိုရဲ့ ဒုတိယပိုင်း သွင်းဂိုးများနဲ့ Comback ပြလိုက်နိုင်တဲ့ မန်စီးတီး

၃။ ယူရိုပြိုင်ပွဲအတွက် အင်္ဂလန်အသင်းလူစာရင်းမှာ ပါဝင်လိုတယ်လို့ ထုတ်ဖော်ပြောကြားလာတဲ့ ဝက်ကင်းစ်

၄။ အသက် ၃၅ နှစ်ကျော် ကမ္ဘာ့ဖလားကျင်းပခွင့်ရဖို့ ထိပ်ဆုံးကဦးဆောင်နေတဲ့ နယူးကာဆယ်အိမ်ကွင်း

၅။ တန်ကြေးက မိမိကိုဖိအားမဖြစ်စေကြောင်း အာဆင်နယ်ကွင်းလယ်လူ ဒီကလန်ရိုက်စ် အခိုင်အမာဆို

အနုပညာသတင်းများ

၁။ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းပုံစံ”သံယောဇဉ်တွေသာ ကျည်ဆံတွေဖြစ်ခဲ့ရင်” ရုပ်ရှင်ဇာတ်ကား မိတ်ဆက်

၂။ “ရင်ထဲကြွေတဲ့ ကြယ်” ဇာတ်လမ်းတွဲက သရုပ်ဆောင်တွေနဲ့အတူ Fan Meeting ပွဲ ကျင်းပ

၃။ “ရင်ထဲကငိုကြွေးသံ” မိသားစုဒရာမာဇာတ်လမ်းတွဲ ကန်တော့‌ပွဲပေး

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Ranbir Kapoor ရဲ့ ရာမာယဏရုပ်ရှင်ကို ရာမမင်းမွေးနေ့မှာ ကြေညာဖွယ်ရှိ
Next post အောင်ဇမ္ဗူ‌ရေတံခွန်တောရကျောင်းမှာ လမ်းအလှူအတွက် ကုသိုလ်ယူခဲ့တဲ့ ကစ်တို့ဇနီးမောင်နှံ