အုပ်စုပထမရ၍ ဂူနီယာပရိသတ်များ ပျော်ရွှင်

January 24,2024

အာဖရိကဖလားပြိုင်ပွဲရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်ကစားခဲ့တဲ့ အိုင်ဗရီကို့စ်အသင်းနဲ့ပွဲစဉ်မှာ ဂိုးပြတ်အနိုင်ရပြီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့အတွက် ဂူနီယာပရိသတ်တွေက ပွဲအပြီးမှာ ပျော်ရွှင်စွာနဲ့ အောင်ပွဲခံခဲ့ကြ ပါတယ်။ ဂူနီယာအသင်းပရိသတ်တွေဟာ ပြိုင်ပွဲမကျင်းပခင်က နောက်တစ်ဆင့်တက်ဖို့ မမျှော်လင့်ခဲ့ကြပေမယ့် အုပ်စုပွဲစဉ်အားလုံး ကစားပြီးချိန်မှာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာကြောင့် ပျော်ရွှင်ခဲ့ကြတာပါ။

အသင်းမှာ ကစားနေတဲ့ ကစားသမားတွေထဲမှာ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်အသင်းတို့လို နာမည်ကျော် အသင်းကြီးတွေမှာ ကစားနေတဲ့ ကစားသမားတွေ မပါပေမယ့် ကစားသမားအားလုံးရဲ့ စွမ်းဆောင်ရည်ကြောင့် နောက်တစ်ဆင့် တက်နိုင်ခဲ့တဲ့အတွက် ပျော်ရွှင်မိတယ်လို့ ဂူနီယာအသင်းပရိသတ်တစ်ယောက်က ပြောပါတယ်။ ဂူနီယာအသင်းဟာ အိုင်ဗရီကို့စ်အသင်းနဲ့ပွဲစဉ်မှာ (၄)ဂိုးပြတ် သွင်းယူနိုင်ခဲ့သလို အုပ်စုပွဲစဉ်(၃)ပွဲ ကစားပြီးချိန်မှာ ရှုူံးပွဲမရှိခဲ့ပဲ ရမှတ်(၇)မှတ်နဲ့အတူ အုပ်စုပထမနေရာနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တရုတ်ပြည်သူတွေကို တောင်းပန်စကား ဆိုလိုက်ရတဲ့ ရော်နယ်ဒို
Next post မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းနှင့် အာဖဂန်နစ္စတန် ဖူဆယ် အသင်းတို့ ရန်ကုန်တွင် ခြေစမ်းပွဲ ကစားမည်