PDF က Drop Bomb ချ၍ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိမှု ရွှေဘိုမြို့တွင် ဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာအတွင်းသို့ PDF များက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၂၈ ရက် (ယမန်နေ့) ညနေ ၄ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာအတွင်းသို့ PDF များက ကျေးရွာ၏ အနောက်ဘက် မီတာ ၃၅၀၀ ခန့်အကွာရှိ မအူပင်(အရှေ့) ကျေးရွာဘက်မှနေ၍ Drone အသုံးပြုပြီး Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သည့်အတွက် ကျေးရွာအတွင်းရှိ အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။

ဗုံးစထိမှန်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post “လိပ်ပြာအံဝှက်” ရုပ်ရှင်ဇာတ်ကားကြီးကန်တော့ပွဲပေး ကျင်းပ
Next post 2024 New Year Countdown ပွဲတော် ရန်ကုန်မြို၌ ကျင်းပမည်