ပဲခူးမြို့တွင် ဒီဇင်ဘာလ စုပေါင်းလူထုလမ်းလျှောက်ပွဲ (ဒုတိယပတ်)ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ပဲခူးမြို့တွင် ဒီဇင်ဘာလ စုပေါင်းလူထုလမ်းလျှောက်ပွဲ(ဒုတိယပတ်)အား ဒီဇင်ဘာလ(၉)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဒီဇင်ဘာလ စုပေါင်းလူထုလမ်းလျှောက်ပွဲ(ဒုတိယပတ်)သို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးနှင့် အစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပဲခူးတက္ကသိုလ်နှင့် ပဲခူးမြို့ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများ၊ သားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပဲခူမြို့ရပ်ကွက်အသီးသီးမှပြည်သူများ စုစုပေါင်းအင်အား(၃၀၀၀၀)ဦးခန့်တို့တက်ရောက်ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရည်းစားသစ်လေးရနေပြီဆိုတာကို အတည်ပြုလိုက်တဲ့ Selena Gomez
Next post ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က တံတားတစ်စင်းကို အကြမ်းဖက်တွေ မိုင်းခွဲဖျက်ဆီး