ပဲခူးမြိုရှောင်လမ်းတွင် ဆီသယ်ယာဥ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွား

ဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို၊ မဲခုန်ကျေးရွာအုပ်စု၊ နန်းတော်ကုန်းကျေးရွာအနီး၊ ပဲခူးမြို့ရှောင်လမ်းတွင် ယနေ့ ဒီဇင်ဘာ (၈) ရက် နံနက်က ဆီသယ်ယာဥ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပဲခူးမြို့ရှောင်လမ်း မိုင်တိုင်အမှတ် (၃၃/၄) တွင် ယနေ့ နံနက် ၉ နာရီ ၃၅ မိနစ်ခန့်က ဆီသယ်ယာဉ်(၁)စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပဲခူးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ပဲခူးမြိုနယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပဲခူးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁) စီးတိုဖြင့် မီးလောင်မှုမဖြစ်ပွားစေရေး အအေးပေးခြင်းလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

အလားတူ ကျောက်ဆည်မြို့ မြို့ရှောင်လမ်း တွင် ယနေ့ နံနက် (၈) နာရီခန့်က ဆီသယ်ယာဉ် တစ်စီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့်အတွက် ကျောက်ဆည်ခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ် (၄)စီး၊ စဉ့်ကိုင်မြိုနယ်မီးသတ်စခန်းမှ ရေသယ်ယာဉ် (၁)စီး၊ တံတားဦးမြိုနယ်မီးသတ်စခန်းမှ ရေသယ်ယာဉ် (၁)စီးတိုဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်း တမံဆောင်ရွက်ခဲ့သည့် လူပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့ များ ချီးမြှင့်
Next post ရည်းစားသစ်လေးရနေပြီဆိုတာကို အတည်ပြုလိုက်တဲ့ Selena Gomez