အိပ်မက်ဆုံရာ Season 1က 1st Runner ဆုရှင် တေးသံရှင် အာကာအောင်ခင်ဝင်း အသည်းရောဂါနဲ့ ကွယ်လွန်

အိပ်မက်ဆုံရာ Season 1က 1st Runner ဆုရှင် တေးသံရှင် အာကာအောင်ခင်ဝင်း (အသက်၃၈ နှစ်)သည် ဒီဇင်ဘာ ၃ ရက် ည ၁၀ နာရီ အချိန်တွင် ၉၆ ပါးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း အနုပညာရှင်အသိုင်းအဝိုင်းကနေ သိရှိရပါတယ်။

အာကာအောင်ခင်ဝင်းဟာ ၂၀၁၅ ခုနှစ်က bobo music production က ဖြန့်ချီသော “အသိအမှတ် ” တစ်ကိုယ်တော် သီချင်းခွေထွက်ရှိထားသူလည်းဖြစ်ပါတယ်။ သူဟာ မြောက်ဒဂုံမြို့နယ် ၄၀ ရပ်ကွက် ၊ ဗိုလ်မှူးဗထူးလမ်းနေထိုင်နေသူလည်း ဖြစ်ပါတယ်။ နာရေးကိုတော့ လာမယ့် ဒီဇင်ဘာ ၅ရက် နေ့လည်(၁၂)နာရီမှာ ရန်ကုန်မြို့ ရေဝေးသုသာန်မှာ သင်္ဂြိုလ်သွားမယ် လို့ သိရပါတယ်။

အိမ်မက်ဆုံရာကနေ ဒိုလုံးသီချင်းတွေ အဆိုများပြီး ဒိုးလုံးလက်သစ်လို့ ပရိသတ်အားပေးမှု ရရှိသော တေးသံရှင် အာကာအောင်ခင်ဝင်း ကောင်းရာမွန်ရာရောက်ပါစေလို့ DBN ပရိသတ်ကြီးကိုယ်စား ဆုတောင်းပေးလိုက်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၁၆ ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော် ဒီဇင်ဘာ ၁၆ ရက်မှ ဇန်နဝါရီ ၁၄ ရက်နေ့အထိ ကျင်းပမည်
Next post မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ၅၀ ရာခိုင်နှုန်းကို PDF အဖွဲ့များ ကျူးလွန်ကြောင်း အမေရိကန်အစိုးရထုတ်ပြန်