ဂီနီတိုက်စစ်မှုး ဆီလာနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ နှစ်ဦးသဘောတူ ဖျက်သိမ်း

ရန်ကုန်ယူနိုက်တက်အသင်းသည် ဂီနီတိုက်စစ်မှုး ဆီလာနှင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့မှစတင်ကာ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။

ဆီလာကို ၂၀၂၃ ဇန်နဝါရီလမှစတင်ကာ တစ်နှစ်စာချုပ်ဖြင့် ချုပ်ဆိုခဲ့ခြင်း ဖြစ်ပြီး အင်ဒိုနီးရှားလိဂ်ကလပ် Persikab Bandung အသင်း မှ ကမ်းလှမ်းလာသည့် အတွက် ပိုမိုကောင်းမွန်သော အခွင့်အရေးရှေ့ရေးကိုရှေးရှုကာ စာချုပ် ဖျက်သိမ်းပေးလိုက်ခြင်းဖြစ်ပါသည်။

ဆီလာသည်    ရန်ကုန်ယူနိုက်တက်အသင်းအတွက် သွင်းဂိုး ၁၁ ဂိုးထိသွင်းယူပေးထားခဲ့သည့်  မြန်မာနေရှင်နယ်လိဂ် ဂိုးသွင်းအများဆုံးကစားသမားတစ်ဦး လည်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Crazy Horse Paris မှာ ဖျော်ဖြေခဲ့လို့ တရုတ်လူမှုကွန်ရက် Weibo က ဖယ်ရှားခံလိုက်ရတဲ့ Blackpink အဖွဲ့ဝင် လီဆာ
Next post Miss International 2023 တွင် မြန်မာအလှမယ် အိအိမြင့်အောင်သိန်း Top 17 နေရာအထိ ပါဝင်