မန္တလေးမြို့လယ် (၈၄)လမ်းပေါ်က ရွှေဆိုင် ဓားပြတိုက်ခံရ

မန္တလေးမြို့၊ မြို့လယ်ခေါင်၊ (၈၄)လမ်းပေါ်က ရွှေဆိုင်တစ်ဆိုင် ဒီမနက်ပိုင်း အနုကြမ်းစီး ဓားပြတိုက်ခံရပြီး ငွေသား အများ အပြား လုယက်ခံရတယ်လို့ သတင်းရရှိပါတယ်။

အောက်တိုဘာ(၃၀)ရက်၊ ဒီမနက်(၉)နာရီလောက်က မန္တလေးမြို့၊ (၈၄)လမ်း၊ (၄၁)လမ်းနဲ့ (၄၂)လမ်းကြားက ပေါ်ဦး ရွှေဆိုင်ကို ဆိုင်ကယ်နှစ်စီးနဲ့ အကြမ်းဖက်သမား လေးယောက် ရောက်လာပြီး သေနတ်ဖောက်ကာ ငွေသားတွေကို ပီနံအိတ်နှစ်လုံးနဲ့ ယူသွားတာ ဖြစ်တယ်လို့ သိရပါတဟ်။

“မနက်ခင်းကြီးကို ဓားပြတိုက်သွားတာ။ (၈)နာရီ (၅၀)လောက်က” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ဓားပြတိုက်ခံရတဲ့ နေရာအနီးမှာ ရွာဟိုင်းဈေးခေါ် မန်းမြို့ဈေး ရှိသလို တခြားရွှေ ဆိုင်တွေလည်း အများအပြား ရှိတဲ့ နေရာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ၏ ဆဋ္ဌမမြောက်နေ့ပြိုင်ပွဲအား နစက ဥက္ကဋ္ဌ ကြည့်ရှုအားပေး
Next post မြန်မာ-တရုတ်ပူးတွဲ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရေး နစကဉက္ကဋ္ဌနှင့် တရုတ်နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီးတို့ဆွေးနွေး