မန္တလေးမြို့ ၊အမပူရမြို့နယ်မှာရှိတဲ့ ဦးပိန်တံတား ကျိုးကျ

မန္တလေးမြို့ ၊ အမပူရမြို့နယ်မှာ ရှိတဲ့ ဦးပိန်တံတား အရှေ့ဘက်ခြမ်းက တံတား အခန်း ၂ ခန်း ယနေ့ နေ့လည် (၂)နာရီ ဝန်းကျင်ခန့်က ကျိုးကျခဲ့ကြောင်း သိရှိရပါတယ်။

“အရှေ့ဘက်ခြမ်းကရေတွက်ရင် ပေ ၅၀၀ ခန့်လောက်ပေါ့ တံတားအခန်း ၂ ခန်းပြိုကျသွားပြီးတော့ အောက်မှာ ရေတွေနဲ့ ဗေဒါတွေရှိတယ်၊ အဲ့ထဲကို ကျသွားတဲ့သူတွေကိုတော့ အနီးနားက ဌက်လှေသမားတွေက ကယ်သွားတာ” လို့ အမရပူရ မြို့နယ် မီးသတ်ဦးစီးမှူးက ပြောပါတယ်။


ဦးပိန်တံတား တိုင်အမှတ် ၃၃၉၊ ၃၄၀၊ ၃၄၁ တို့ ကျိုးကျခဲ့တာဖြစ်ပြီး အဲ့ဒီဖြစ်စဥ်ကြောင့် အမျိုးသား ၁၅ ဦးနဲ့ အမျိုးသမီး ၈ ဦး ဝန်းကျင် ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ တံတားရဲ့ အရှေ့ဘက်ခြမ်းကို ဖြတ်သန်း သွားလာခွင့် ယာယီပိတ်ထားတယ်လို့ သိရပါတယ်။

Photo – CJ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ဆင်မကြီးမိုမို၏ အသက် ၇၀ ပြည့် မွေးနေ့အထိမ်းအမှတ် ပြုလုပ်
Next post ရူးသွပ်ဖွယ် comeback တစ်ခုကို လုပ်ပြလိုက်တဲ့ နည်းပြ ရေနီယာရီ