ရန်ကုန်မျက်စိဆေးရုံကြီးမှာ လူကြီးမျက်စိလူနာများသာမက ကလေးမျက်စိလူနာများလည်းကုသပေးမှုရှိနေ

ရန်ကုန်မြို့ ၊တာမွေမြို့နယ် ၊ နတ်မောက်လမ်းမှာရှိတဲ့ ရန်ကုန်မျက်စိ အထူးကုဆေးရုံကြီးမှာ လူကြီးမျက်စိလူနာများ သာမကပဲ ကလေးမျက်စိလူနာများကိုလည်း ဌာနတစ်ခုဖွင့်လှစ်ကာ ကုသမှုပေးနေကြောင်း အဆိုပါဆေးရုံကြီးကနေ သိရပါတယ်။

မျက်စိအထူးကုဆေးရုံကြီးမှာ ကလေးမျက်စိသီးသန့်ဌာနကို ၂၀၁၄- ၂၀၁၅ခုနှစ်မှာဖွင့်နိုင်ခဲ့ပြီး ယင်းဌာနမှာ မြင်လွှာနဲ့ မျက်စိနောက်ခန်းဆိုင်ရာများ ၊ကလေးမျက်ကြည်လွှာဆိုင်ရာရောဂါ နဲ့မျက်စိနောက်ဆက်တွဲရောဂါတွေကို ကြည့်ရှု ကုသပေးတယ်လို့ဆိုပါတယ်။

“မျက်စိဆေးရုံက တစ်နိုင်ငံလုံးမှာရှိတဲ့မျက်စိကုသမှုခက်ခဲတဲ့ လူနာတွေကိုနောက်ဆုံးအဆင့် လွဲပြောင်းကုသပေးရတဲ့ ဆေးရုံကြီးဖြစ်ပါတယ်။မျက်စိခွဲတာအတွက် ဒီနေ့လာပြတဲ့လူနာကိုအရေးကြီးရင် ဒီနေ့တင်မနက်ဖြန်ခွဲစိတ်ပေးလိုက်ပါတယ်။ချက်ခြင်းမခွဲနိုင်ရင်တော့လူနာကို ရက်ချိန်းပေးလိုကပါတယ်။ အရေးမကြီးတဲ့လူနာဆိုရင် တစ်လလောက်ရက်ချိန်း ပေးပါတယ်”လို့ ရန်ကုန် မျက်စိအထူးကု ဆေးရုံကြီးက ဆေးရုံအုပ်ကြီးဒေါ်ခင်နန်းလုံက မီဒီယာကိုပြောပါတယ်။

မျက်စိအထူးကုဆေးရုံကြီးမှာ အရေးပေါ်လူနာတွေအတွက်ပိတ်ရက်မရှိ ၂၄နာရီကုသပေးလျက်ရှိပြီး ပြင်ပလူနာများ အတွက်ကို အစိုးရရုံးပိတ်ရက်တွေမှာ နံနက်၈နာရီခွဲမှ ညနေ၄နာရီအထိ ကုသပေးနေတယ်လို့ဆိုပါတယ်။

လတ်တလော ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးမှာ နေ့စဉ် မျက်စိအတွင်းတိမ်လူနာ ၊ရေတိမ်လူနာ နဲ့အထွေထွေမျက်စိ ရောဂါဆိုင်ရာလူနာ၅၀၀ခန့်ကို ကုသပေးလျက်ရှိနေကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မုန်တိုင်းငယ်အရှိန်ကြောင့် ယနေ့မှ ၄ ရက်အတွင်း တိုင်းနှင့်ပြည်နယ် ၁၃ ခု၌ မိုးသည်းထန်စွာရွာသွန်းနိုင်
Next post မြန်မာခွေးလိမ္မာရုပ်ရှင်ကား ပြသတော့မည်