တောင်ကိုရီးယားလူမျိုးဖြစ်တဲ့ ချစ်သူလေးနဲ့ စုံတွဲပုံလေးများ ချပြလာသော စမိုင်းလ် သမီးကြီး

မင်္ဂလာပါ DBN ပရိသတ်ကြီးရေ….သရုပ်ဆောင် စမိုင်းလ်ကတော့ တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့သူ တစ်ယောက်ပါ။ နောက်ပိုင်းမှာတော့ စမိုလ်းက အနုပညာလှုပ်ရှားမှုတွေ အများကြီးမလုပ်တော့ပေမယ့် သူမရဲ့ နေထိုင်မှုပုံစံကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှဒကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။

စမိုင်းလ်အပြင် စမိုင်းလ်ရဲ့ သမီးတွေကလည်း မိခင်နှင့် ရုပ်ရည်အသွင်အပြင် ဆင်တူမှုကြောင့် မိခင်နည်းတူ ပရိသတ်တွေ ရဲ့ချစ်ခင်မှုကို ရရှိပြီးဖြစ်တယ်။ စမိုင်းလ် သမီးကြီး ပေါ်ရှာဟာလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့ဖူးသူပဲ ဖြစ်ပါတယ်။ ပေါ်ရှာကအခုဆိုရင် အသက်(၁၈)နှစ်ပြည့်ပြီးပြီမို့ မိဘတွေရဲ့ ခွင့်ပြုချက်နဲ့ ချစ်သူရည်းစားထားရှိနေပြီ ဖြစ်ပြီး သူမချစ်သူ ကောင်လေးအတွက် မွေးနေ့ဆုတောင်းပေးရင်း စုံတွဲပုံလေးကို ချပြလာခဲ့ပါတယ်။

ပေါ်ရှာရဲ့ချစ်သူကောင်လေးကတော့ တောင်ကိုရီးယား နိုင်ငံသားဖြစ်ပြီး ပေါ်ရှာနဲ့ အမေရိကန်မှာ ကျောင်းတက်ရင်း ဖူးစာဆုံခဲ့ကြတာပဲဖြစ်တယ်။ စမိုင်းလ်တို့ ဇနီးမောင်နှံအနေနဲ့လည်း အရွယ်ရောက်နေပြီဖြစ်တဲ့ သမီးကြီးပေါ်ရှာနဲ့ အချစ်ရေးအပေါ် ပိတ်ပင်ထားဆီးခြင်းမရှိတာကိုတွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Chinese Pool Int’l Professional League ပြိုင်ပွဲ (၈)ယောက်အဆင့်ပွဲစဉ်ကို ဘုန်းမြင့်ကျော် တက်ရောက်
Next post မုန်တိုင်းငယ်အရှိန်ကြောင့် ယနေ့မှ ၄ ရက်အတွင်း တိုင်းနှင့်ပြည်နယ် ၁၃ ခု၌ မိုးသည်းထန်စွာရွာသွန်းနိုင်