လိုင်ဇာ၊ မုန်လိုက်ခက်တွင် ခဲယမ်းသိုလှောင်ရုံပေါက်ကွဲမှုကို အာဆီယံထုတ်ပြန်ချက်တွင် ဗုံးကြဲတိုက်ခိုက်မှုအဖြစ် မှားယွင်း ဖော်ပြ

ကချင်ပြည်နယ်ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် အာဆီယံကြေညာချက် ထုတ်ပြန်ခဲ့ခြင်းကို မှတ်သားမိသည်။ အဆိုပါထုတ်ပြန်ချက်တွင် ကချင်ပြည်နယ်၊ လိုင်ဇာဒေသ၊ မုန်လိုင်ခက်တွင် လက်နက်ခဲယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်စဉ်ကို ဘက်လိုက်ရေးသားထားသည့် ပြည်တွင်းပြည်ပမီဒီယာများကိုကိုးကား၍ ကချင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများကို ဗုံးကြဲတိုက်ခိုက်မှုအဖြစ် မှားယွင်းစွာဖော်ပြထားကြောင်း တွေ့ရှိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်းသည့် အချက်အလက်မှန်များကို အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ ၁၁-၁၀-၂၀၂၃ ရက်နေ့ကပင် အကြောင်းကြားခဲ့သည်။

သို့ရာတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌက ထုတ်ပြန်ချက်မူကြမ်းကိုပေးပို့ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများထံ သဘောထားတောင်းခံခဲ့သည်။ ဖြစ်စဉ်သည် KIA သင်တန်းကျောင်းအနီး ခဲယမ်းသိုလှောင်ရုံပေါက်ကွဲမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံကထောက်ပြပြီး ကြေညာချက်မထုတ်ပြန်ရန် အကြောင်းကြားခဲ့သည်။ ဖြစ်စဉ်နှင့်စပ်လျဉ်းသည့် အချက်အလက်မှန်များကို ပေးပို့ခဲ့သော်လည်း ကြေညာချက်ကို မလိုအပ်ဘဲထုတ်ပြန်ခဲ့သည်။

အာဆီယံထုတ်ပြန်ချက်ပါ အချက်အလက်များသည် ထင်ယောင်ထင်မှားဖြစ်စေသဖြင့် အခြေအမြစ်မရှိသည့်အတွက် အဆိုပါထုတ်ပြန်ချက်ကို မြန်မာနိုင်ငံက ကန့်ကွက်သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့် အခြေခံမူများကို တိကျစွာလေးစားလိုက်နာလျက် အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် ထပ်လောင်းအသိပေးအပ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် MSMEs ထုတ်ကုန်များ အရောင်းစင်တာ ဖွင့်ပွဲကျင်းပပြုလုပ်
Next post Chinese Pool Int’l Professional League ပြိုင်ပွဲ (၈)ယောက်အဆင့်ပွဲစဉ်ကို ဘုန်းမြင့်ကျော် တက်ရောက်