Examplez အဖွဲ့ ပရိသတ်ရှေ့ပြန်လာမယ်

တစ်ချိန်က နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တော် Examplez အဖွဲ့ဟာ ပရိသတ်ရှေ့ကို ပြန်လည်ရောက်ရှိ လာတော့မယ်လို့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဖြိုးမောင်မောင် က ပြောပါတယ်။” နိုဝင်ဘာလထဲမှာ အကောင်အထည်ဖော်မယ်။ ၄ ယောက်အတူ ပြန်ဆိုမယ်။ သီချင်းအသစ်တွေ ထွက်ဖို့က နောက်တစ်ဆင့်ပေါ့။ တစ်ပုဒ် နှစ်ပုဒ် စမ်းထုတ်မယ်” လို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ်နောက်ပိုင်း ပရိသတ်နဲ့မတွေ့ဖြစ်တော့ပဲ ထွန်းထွန်းရုပ်ရှင်ရိုက်ကူးရေးအတွက် နယ်ခရီးတွေထွက်ရသလို ကျန်တဲ့သူတွေကလည်း ကိုယ်ပိုင်စီးပွားရေးတွေ လုပ်နေကြတဲ့အတွက် ဆုံဖို့ခဲယဥ်း သွားတယ်လို့ ဆိုပါတယ်။
” အဖွဲ့ကကွဲတာမဟုတ်ဘူး။ လူဆုံဖို့ခက်တာ။ ၄ ယောက်ဆုံမှ အဖွဲ့ဖြစ်တာကိုး။ ငယ်ငယ်က လူပျိုတွေ လေ။ ဒီ ၄ ယောက်လုံးက အမြဲအတူရှိတယ်လေ။ အရမ်းပျော်တယ်” လို့ ပြောပါတယ်။


အခြားအဖွဲ့တွေလည်း ကွဲကြတယ်ဆိုတာ မဖြစ်နိုင်ကြောင်းနဲ့ အဖွဲ့ဝင်တစ်ယောက်ချင်းစီရဲ့ Life Style တွေမတူကြတဲ့ အတွက် မဆုံဖြစ်တော့ပဲ အလုပ်မလုပ်ဖြစ်တော့တာဖြစ်နိုင်ကြောင်း မှတ်ချက်ပေးသွားပါတယ်။ ဖြိုးမောင်မောင်ကတော့လက်ရှိကာလမှာ ၈ တန်းကျောင်းသားဘဝကတည်းက သူငယ်ချင်းဖြစ်ခဲ့ပြီး ရည်းစားသက်တမ်း ၅ နှစ် ကို ဖြတ်သန်းခဲ့တဲ့ ဇွန်ဇာသက်ပန်စိုးနဲ့ အိမ်ထောင်တစ်ခုကို ထူထောင်ပြီးခဲ့ပါပြီ။ အိမ်ထောင်သက်ကတော့ ၁၂ နှစ်ရှိပြီဖြစ်ပြီး ရင်သွေး ၂ ဦးကို ပိုင်ဆိုင်ထားကြပါပြီ။ လက်ရှိကာလမှာတော့ ဖခင်ဖြစ်သူရဲ့စီးပွားရေးမှာ ဝင်ရောက်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သီတင်းကျွတ်ကာလ ပုဂံဒေသရှိ ဟိုတယ်များတွင် ကြိုတင်ချိတ်ဆက် အခန်းမှာယူထားမှုများ ပြည့်နေ
Next post တက္ကသိုလ်အားလုံး နိုဝင်ဘာ ၁၆ ရက်တွင် ကျောင်းအပ် လက်ခံပြီး နိုဝင်ဘာ ၂၃ ရက်တွင် ဖွင့်လှစ်မည်