အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် အကူအညီ လိုအပ်ပါက ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးထား

အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် အကူအညီလိုအပ်ပါက ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးထားကြောင်း စက်တင်ဘာလ ၉ ရက်တွင် တွေ့မြင်ရသည်။

အစ္စရေးနိုင်ငံတွင် လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲများ အခြေအနေများကြောင့် ယင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် အရေးတကြီး လိုအပ်ချက် မရှိပါက မိမိတို့နေအိမ်များတွင်သာ နေထိုင်ရန်၊ တိုက်ပွဲအခြေအနေနှင့် ကြုံတွေ့လာပါက လုံခြုံသည့် နေရာတွင်နေရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် အကူအညီ လိုအပ်လာပါက ဆက်သွယ်နိုင်ရန်လည်း အသိပေးထားသည်။

ဟားမတ်အဖွဲ့က စနေနေ့အစောပိုင်းတွင် ဒုံးကျည်များ သုံးကာ အစ္စရေးနိုင်ငံကို အလစ်ငိုက် တိုက်ခိုက်ပြီးနောက် ရာနှင့်ချီသော ဟားမားစ်များက အစ္စရေး နိုင်ငံအတွင်း ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ကာ အစ္စရေးနိုင်ငံစစ်ပွဲထဲ ရောက်ရှိနေပြီဟု ဝန်ကြီးချုပ် နေတန်ရာဟု ကလည်း ပြောကြားထားသည်။

လက်ရှိတွင် တိုက်ပွဲများ ဖြစ်ပွားနေကာ ဟားမားစ်အဖွဲ့က အစ္စရေးကို အလစ်အငိုက်တိုက်ခိုက်မှုကြောင့် အစ္စရေးစစ်သား ၄၄ ဦးအပါအဝင် လူ ၆၀၀ ထက်မနည်းသေဆုံးခဲ့ပြီး လူ ၁,၅၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့သည်ဟု အစ္စရေးဘက်က ကြေညာခဲ့သည်။

အကူအညီ လိုအပ်သော မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာသံရုံးဖုန်း- (၉၇၂) (၃) ၅၁၇၀၇၆၀ (၉၇၂) (၃) ၅၁၆၃၃၆၄၊ Hotline No. ၀၅၈ ၇၈၉၉၁၇၇/ ၀၅၈ ၄၀၈၁၃၄၇၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ ကောင်စစ်ရေးရာဌာန၊ နိုင်ငံသားအကျိုးဌာနခွဲ၊ နေပြည်တော်၊ Hotline No. (၉၅) ၉၄၃၁၁၈၄၅၀/ (၉၅) ၉၈၈၂၂၆၄၇၄၄ ကို ဆက်သွယ်နိုင်ကာ အစ္စရေးအစိုးရမှ ထုတ်ပြန်သတိပေးချက်များအား National Emergency Portal – Home Page တွင် ပုံမှန်စောင့်ကြည့် ကြည့်ရှုဆောင်ရွက်ရန်လည်း တိုက်တွန်းထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၉)ရက်နေ့ နံနက်(၇:၀၀)နာရီ အချိန် ထုတ်ပြန်ချက်
Next post ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးရေကြီးနစ်မြုပ်သည့် ရပ်ကွက်များနှင့် ကယ်ဆယ်ရေးစခန်းများသို့ သွား​ရောက်