အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး လေ့ကျင့်ခန်း ယနေ့စတင်

စက်တင်ဘာလ ၂၇ ရက်

မြန်မာနှင့် ရုရှားတို့ ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူထားသော ASEAN ADMM-Plus Experts’ Working Group on Counter-Terrorism (EWG on CT) ၏ နိုင်ငံတကာ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး လေ့ကျင့်ခန်း ဖွင့်ပွဲအခမ်းအနားအား ရုရှားနိုင်ငံအရှေ့ဖျားဒေသ Primorsky Krai ရှိ အရှေ့ပိုင်း စစ်ခရိုင်၏ Sergeevsky လေ့ကျင့်ခန်းနယ်မြေ၌ ယနေ့ စတင်ပြုလုပ်နေပါတယ်။

အခမ်းအနားသို့ မြန်မာနိုင်ငံမှ ညှိုနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်ကြောင်း တွေ့ရပါတယ်။

လေ့ကျင့်ခန်းအား အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး စွမ်းရည်မြှင့်တင်ရန်နှင့် အတွေ့အကြုံများ မျှဝေရန် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။

လေ့ကျင့်ခန်းအား အဆင့် နှစ်ဆင့်ဖြင့် ပြုလုပ်မည်ဖြစ်ပါတယ်။ ပထမအဆင့်တွင် အကြမ်းဖက်မှု တန်ပြန်နှိမ်နှင်းရေးစစ်ဆင်ရေး ဆင်နွှဲရန်အတွက် စစ်ဆင်ရေးနှင့် နည်းဗျူဟာအဆင့် အမိန့်ပေးအဖွဲ့များအကြား သဘောတရားနှင့် လုပ်နည်းများ ညှိနှိုင်း ဆုံးဖြတ်ခြင်း ဖြစ်ပါတယ်။ ဒုတိယအဆင့်မှာ ပါဝင်သော နိုင်ငံတကာမှ အကြမ်းဖက်မှု နှိမ်နင်းရေးတပ်ဖွဲ့များအနေဖြင့် လက်တွေ့ ပါဝင် လေ့ကျင့်ခြင်း ဖြစ်ပါတယ်။

လေ့ကျင့်ခန်းတွင် ပါဝင်ရန် ရုရှားနှင့် မြန်မာတို့အပြင် ဘရူနိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မလေးရှား၊ ထိုင်းနှင့် ဖိလစ်ပိုင်တို့အား ဖိတ်ခေါ်ထားပါတယ်။

လေ့ကျင့်ခန်းတွင် ပါဝင်သော စစ်သည်များအနေဖြင့် AK-19 (5.56 x 45mm) ချေမှုန်းရေး ရိုင်ဖယ်များ ကိုင်ဆောင်ထားကြောင်းတွေ့ရပါတယ်။

Source: Official Website of the Ministry of Defence of the Russian Federation

Leave a Reply

Your email address will not be published. Required fields are marked *

Previous post TNLA အဖွဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် (၁၁)နှစ်အရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိ
Next post ကာရိုက်တာ အသစ်အဆန်းလေးကို ရိုက်ရလို့ အရမ်းချဲ့လင့် ဖြစ်တယ်ဆိုတဲ့ မေမြင့်မိုရ်