နှစ်နိုင်ငံနယ်စပ်က ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးတွေ အတွက် တရုတ်နိုင်ငံနဲ့ပူးပေါင်းသွားမယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန

တရုတ်- မြန်မာ နယ်စပ်ဒေသတွေမှာ ငှက်ဖျားရောဂါအပါအဝင် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးတွေအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်မယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေသိရပါတယ်။

လတ်တလောမှာ တရုတ်-မြန်မာ နှစ်နိုင်ငံကျန်းမာရေးကဏ္ဍအချို့ ပူးပေါင်းဆောင်ရွက်တာတွေကို လုပ်ကိုင်နေပြီး ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းစုပြည်နယ် နန်ကျင်းမြို့မှာရှိတဲ့ ကျန်းစုပြည်နယ် ကျန်းမာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနဲ့ ကျန်စုပြည်နယ်ရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာန က တာဝန်ရှိသူတွေနဲ့ နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းမယ့်အစီစဉ်တွေကို ဆွေးနွေးထားတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း မှာ တရုတ်နိုင်ငံနဲ့ ကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုထဲကတစ်ခုအနေဖြင့်လည်း နေပြည်တော်မှာ မြန်မာရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးသင်တန်းကျောင်း( Myanmar Center for Disease Control and Health Staff Training Center) ကို အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။

အဆိုပါ တရုတ်နိုင်ငံနဲ့ပူးပေါင်းတည်ဆောက်နေတဲ့ ကျန်းမာရေးသင်တန်းကျောင်းကို မကြာမီဖွင့်ဖို့ စီစဉ်နေကာ ဖွင့်လှစ်ပြီးပါကလည်း နောင်ဖြစ်ပေါ်လာမယ့် ကပ်ရောဂါအသစ်များ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေတွေကို နဂိုထက်ပိုမိုကာ ထိရောက်စွာကာကွယ်ထိန်းချုပ်သွားနိုင်မယ်လို့ဆိုပါတယ်။

နောက်ထပ် တရုတ်- မြန်မာကျန်းမာရေးကဏ္ဍပူးပေါင်းမှုအနေနဲ့ တိုင်ရင်းဆေးပညာကဏ္ဍ အပါအဝင် တရုတ်ပြည်ကျန်စုပြည်နယ်က ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနကို ကျန်းမာရေးဝန်ကြီးဌာနက ဆရာဝန်တွေ စေလွှတ်ကာသင်တန်းပေးနိုင်ရေးနဲ့ နှစ်နိုင်ငံကျန်းမာရေးပညာရှင်တွေ အပြန်အလှန်စေလွှတ်မှု ကိစ္စတွေကို စီစဉ်နေလျှက်ရှိတယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အဖွား ဒေါ်မြတ်မွန် ၊ မြေးလေး ခန့်ကျော် တို့မြေးအဖွား နှစ်ယောက် ကြော်ငြာရိုက်ကူးနေတဲ့ အလှပုံရိပ်
Next post မိခင်ဖြစ်သူရဲ့မွေးနေ့မှာ ပျော်ရွှင်စွာကျင်းပနေသော ပြေတီဦးနဲ့ ငွေတီဦးတို့ မောင်နှမနှစ်ဦး