သပိတ်ဖြင့် ဆွမ်းခံ၊ ဆွမ်းစားပြုလုပ်နေတဲ့ ပြည်မြို့က သီလရှင်ကို လူဝတ်လဲ၍ နယ်နှင်ဒဏ်ပေးလိုက်ပြီ

ရဟန်း၊သံဃာတော်များ အသုံးပြုတဲ့ သပိတ်နဲ့ ဆွမ်းခံ၊ ဆွမ်းစားပြုလုပ်နေတဲ့ ပြည်မြို၊ ပါရကြီးတောရက ဒေါ်ထေရီပန်ထွာ ဆိုသူကို လူဝတ်လဲကာ နယ်နှင်ဒဏ်ပေးလိုက်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါ ထေရီပန်ထွာဆိုသူ သီလရှင်ဟာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမှာ နေထိုင်တဲ့ လူ့ဘဝအမည် မေမြတ်နိုး ဖြစ်တယ်လို့သိရပြီး ယမန်နှစ်ကမှ သီလရှင်ဝတ်ကာ ပြည်မြို့၊ ပါရကြီးတောရကို ရောက်ရှိလာတာလို ဆိုပါတယ်။

သပိတ်နဲ့ ဆွမ်းခံ၊ ဆွမ်းစားပြုလုပ်နေတာတွေကို ဖေ့စ်ဘွတ်ခ်အကောင့်မှ တင်ခဲ့ရာမှ လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်လာခဲ့ရာကနေ တိုင်း/မြိုနယ် သံဃာနာယကဥက္ကဋ္ဌ အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူတွေက ခေါ်ယူတွေ့ဆုံ ဆုံးမပြီးနောက် လူဝတ်လဲကာ နယ်နှင်ဒဏ်ပေးလိုက်တာလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မင်းသားနေတိုး၊ မန်ယူအသင်းနှင့် ပတ်သတ်ပြီး ပြောပြလာ သော အေမီစျာန်
Next post မိဘစုံရာရှေ့မှာ စေ့စပ်လိုက်သော အဆို‌တော် ထွန်းနောင်ဆင့် နှင့် အဆိုတော် နန့်ချစ်နဒီဇော်