မြင်းခြံမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးရေ ဝင်ရောက်သော နေအိမ်များ ရွှေ့ပြောင်း
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ယနေ့နံနက်အစောပိုင်းမှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြင်းခြံမြို့ အမှတ် (၆) ရပ်ကွက်ရှိ ပြောင်းပြာချောင်း ဘေးတလျောက်ရှိ နေအိမ်များ မိုးရေဝင်ရောက်သောကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ရကြောင်း သိရသည်။
“ပြောင်းပြာချောင်းဘေးရှိ နေအိမ်များမှာ မြစ်ရေတက်မှုကြောင့် မြစ်ရေများ ဝင်ရောက် နေခြင်း အပြင် ယနေ့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးရေများ ဝင်ရောက်လျက်ရှိပြီး မိမိတို့ ဆွေမျိုးများထံ သွားရောက်နေထိုင်ကြပြီး၊ အရေးပေါ် အိမ်ထောင်စု (၁၃) စုကိုတော့ ဘေးလွတ် ရာသို့ ခေတ္တ ပြောင်းရွှေ့ထားပါတယ်” ဟု မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်က ပြောသည်။
မြင်းခြံမြို့နယ်အနေဖြင့် နံနက် (၉:၃၀) နာရီအချိန် တိုင်းထွာချက်အရ မိုးရေချိန် (၃.၃၉) လက်မ ရှိကြောင်း မြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သိရသည်။ ကျော်စွာ(မြင်းခြံ)
More Stories
မြိုင်မြို့ အထက(၁) တွင် ကျောင်းသားဦးရေ (၉)ဦးသာ ရှိသည့်အတွက် စာစစ်ဌာန ခွင့်ပြုပေးမည် မဟုတ်ကြောင်း မြိုင်မြို့နယ် ပညာရေးမှူးရုံး ထုတ်ပြန်
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားဦးရေ (၉)ဦးသာရှိသည့် အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန် စာစစ်ဌာန ခွင့်ပြုပေးမည်မဟုတ်ကြောင်းနှင့် အခြား စာစစ်ဌာနသို့ ဖြေဆိုလိုပါက ခွင့်ပြုပေးမည်ဖြစ်ကြောင်း မြိုင်မြို့နယ် ပညာရေးမှူးရုံးက သတင်းထုတ်ပြန်ထားသည်။ မြိုင်မြို့ အထက(၁)...
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းများတွင် DEMU ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲ
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် Diesel Electric Multiple Unit( DEMU) ရထားတွဲဆိုင်းအသစ်များ နိုဝင်ဘာ ၂၉ ရက်တွင် စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။ အဆိုပါ DEMU ရထားတွဲဆိုင်းအသစ်များ စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၉ ရက်...
ပြည်တွင်း/ပြည်ပ အပြေးအားကစားသမား (၃၅၀)ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် Bagan Temple Marathon 2024 အပြေးပြိုင်ပွဲ
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ ပုဂံရှေး ဟောင်းယဥ်ကျေးမှုနယ်မြေ၌ ယနေ့ နိုဝင်ဘာ ၂၄ ရက်နံနက်ပိုင်းကကျင်းပသည့် Bagan Temple Marathon 2024 အပြေးပြိုင်ပွဲအား ပြည်တွင်း/ပြည်ပမှ အပြေးအားကစားသမား (၃၅၀)ဦး ဝင်ရောက် ယှဥ်ပြိုင်ခဲ့သည်။ အဆိုပါ အပြေးပြိုင်ပွဲအား...
မြန်မာ့တူရိယာစောင်းကောက်ကို စိန့်ပီတာစဘတ်မြို့ရှိ Sheremetev Palace ဂီတပြတိုက်သို့ လွှဲပြောင်းပေးအပ်
မြန်မာ့တူရိယာစောင်းကောက်ကို ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ရှိ Sheremetev Palace ဂီတပြ တိုက်သို့ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသစ်လင်းအုန်းမှ နိုဝင်ဘာ ၂၀ ရက်က လွှဲပြောင်းပေးအပ်ခဲ့သည်။ အခမ်းအနားတွင် မြန်မာသံအမတ်ကြီးဦးသစ်လင်းအုန်းနှင့် စိန့်ပီတာစဘတ်အစိုးရအဖွဲ့၊ ပြင်ပဆက်ဆံရေးကော်မတီ ဒု-ဥက္ကဋ္ဌ Mr. Vyacheslav...
Naypyitaw State Polytechnic University စတင် ဖွင့်လှစ်
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် ထူးခြားဆန်းသစ်စေပြီး နိုင်ငံ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်လာစေမည့် Naypyitaw State Polytechnic University အား နေပြည်တော်၌ နိုဝင်ဘာ ၂၁ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ အခမ်းအနားတွင် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး...
နိုင်ငံရေးပါတီ (၅၀)ကျော် မကြာမီအစည်းအဝေး ပြုလုပ်မည်
နစကအစိုးရက ပြန်လည်ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ မှတ်ပုံတင်ခွင့် ပြုချက်ရရှိပြီးဖြစ်သည့် နိုင်ငံရေးပါတီပေါင်း (၅၀)ကျော်သည် မကြာမီတွင် အစည်းအဝေး ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ယင်းအစည်း အဝေးကို အွန်လိုင်းမှတစ်ဆင့်ပြုလုပ်သွားမည်ဖြစ်ပြီး တန်ဆောင်တိုင်ကာလအပြီး နိုဝင်ဘာလကုန်ပိုင်းတွင် ပြုလုပ်သွားရန် ပြင်ဆင်ထားကြောင်းလည်း သိရပါတယ်။ နိုင်ငံရေးပါတီများကြားမှာ...