ယာဉ် မှန် / မမှန် စစ်ဆေးခြင်းကို Online Booking စနစ် ယနေ့ စတင်မည်

စက်တင်ဘာ ၆ ရက်နေ့စပြီးတော့ ယာဉ် မှန် / မမှန် စစ်ဆေးခြင်းကို Online Booking စနစ် စတင်မည် ဖြစ်ကြောင်း ကနဦးသတင်းများအရ သိရပါတယ်။

အဆိုပါ ယာဉ် မှန် / မမှန် စစ်ဆေးခြင်းအတွက် Online Booking ကို စက်တင်ဘာ ၆ ရက်နေ့စပြီးတော့ တင်နိုင်ပြီး သက်ဆိုင်ရာ ခရိုင်ရုံး တစ်ရုံးတွင် ကားအစီး ၅၀ ခန့် ကို ယာဉ် မှန် /မမှန် စစ်ဆေးပေးမယ်လို့လည်း သိရပါ တယ်။

မော်တော်ယာဉ် လိပ်စာပေါ်က သက်ဆိုင်ရာ ရုံးများတွင်သာ ယာဉ် မှန် /မမှန် စစ်ဆေးပေးမည် ဖြစ်ပြီး မော်တော်ယာဉ် မှန် / မမှန် စစ်ဆေး၍ ယာဉ် မှားယွင်းပါက ယာဉ်နှင့်အတူ အုံနာဘုတ် စာအုပ်ပါ သိမ်းဆည်းမည်ဖြစ်ပြီး ဖောက်စွပ် စလစ်သာ ထုတ်ပေးမယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ယာဉ်မောင်းလိုင်စင်အမြန်လုပ်ရာ၌ အတုများ သတိပြုသင့် ဟုဆို
Next post Kylie Jenner နဲ့ Timothée Chalamet တို့ တွဲနေကြပြီလား