ငြိမ်းချမ်းရေးစကားဝိုင်း PEACE TALK 2025 တတိယနေ့ ဆက်လက်ကျင်းပ

​ငြိမ်းချမ်းရေးစကားဝိုင်း PEACE TALK 2025 တတိယနေ့ အခမ်းအနားအား မတ်၂၆ ရက် နံနက်ပိုင်းတွင် ​နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် ကျင်းပပြုလုပ်လျက်ရှိနေပြီး အလွှာအသီးသီးမှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးလျက်ရှိပြီး မတ် ၂၄ ရက်မှ မတ် ၂၆ ရက်အထိ သုံးရက်တာ ကျင်းပနေခြင်းဖြစ်ပါတယ်။

ငြိမ်းချမ်းရေးစကားဝိုင်း PEACE TALK 2025 အား ငြိမ်းချမ်းရေးစကားဝိုင်းမှတစ်ဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်၌ ကဏ္ဍအသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ထင်ပေါ်ကျော်ကြားသည့် ပုဂ္ဂိုလ်များက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပိုမိုအာရုံစိုက်စေရန်၊ ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက်သည့်နည်းလမ်းနှင့် ဆောင်ရွက်သည့် ဆောင်ရွက်ခြင်းကသာ ရေရှည်တည်တံ့သည် ငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဆိုသည့်အချက်အား လူထုအကြား၌ အသိအမြင် တိုးပွားလာစေရန်၊ မိမိတို့ နိုင်ငံအတွင်း၌ ဖြစ်ပွားနေသည့် ပဋိပက္ခများ အမြန်ဆုံးလျော့ချပြီး နိုင်ငံရေးနှင့် စီးပွားရေး မြင့်တက်လာစေရန်အတွက် ရေတိုရေရှည်လုပ်ငန်းစဉ်များကို ဖော်ထုတ်ရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လာမည့်နှစ်ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြီးစီးရန်လိုဟု နစက ဥက္ကဋ္ဌပြော
Next post ကင်း ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ကျင်းပ