ရိုမန့်မိသားစု ဒရာမာဇာတ်လမ်းပုံစံ “ဖိုးကောက်” ရုပ်ရှင် ဇာတ်ကား ကန်တော့ပွဲပေးခြင်း အခမ်းအနားကျင်းပ
SZ Film Production က ဒုတိယဇာတ်ကားဖြစ်တဲ့ ရိုမန့် မိသားစု ဒရာမာဇာတ်လမ်းပုံစံ “ဖိုးကောက်” ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေးခြင်းအခမ်းအနားကို ဇန်နဝါရီ ၃၀ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ အိမ်တော်ရာဘုရားမှာ ကျင်းပခဲ့ပါတယ်။
“ဖိုးကောက် ရုပ်ရှင်တစ်ကားက ၁၅၀၀ နဲ့ ၅၂၈ ဆိုတဲ့ အချစ်နဲ့ မေတ္တာဘွဲ့ ဇာတ်လေးပေါ့နော်။ ဒီအပေါ်မှာ အခြေခံပြီးတော့ တည်ထားတဲ့ဇာတ်လေးပါ။ လိမ်ညာလှည့်ဖြားမှုတွေကြောင့် ဖြစ်တတ်တဲ့သဘောတရားကို မူတည်ပြီး ရိုက်ကူးပြသသွား မှာလည်းဖြစ်ပါတယ်။ နာမည်ကြီး ပြဇာတ်တစ်ခုကို ရုပ်ရှင်တစ်ခုအနေနဲ့ ဖန်တီးထားတာပါ။ ပရိသတ်တွေ အကြိုက်တွေ့ စေမယ့် ဇာတ်လမ်းလေးပါ”လို့ အကယ်ဒမီနေတိုးက ပြောပါတယ်။
ဒီဇာတ်ကားကို ဇာတ်လမ်းမောင်စိတ္တ၊ DOP အကယ်ဒမီ အာကာတိုး၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ မယ်မင်းဘုံက ရေးသားထား ပြီးတော့ ရိုမန့် မိသားစု ဒရာမာဇာတ်လမ်းပုံစံကို ဇန်နဝါရီ ၃၁ ရက်မှာ ရန်ကုန်မြို့မှာ စတင်ရိုက်ကူးသွားမှာလည်းဖြစ်ပါတယ်။
“တကယ်တော့ ဒီဇာတ်ကားက ပြဇာတ်လို့တော့ သိရတယ်။ ဘုံတို့ကတော့ မမီခဲ့ဘူးပေါနော်။ အရင်တုန်းက နာမည်ကြီးတဲ့ ဇာတ်တစ်ခုကို ဘုံတို့က ပြန်လည်ဆန်းသစ်ဖန်တီးရတာမို့ သေချာလေး နဂိုမူရင်းအရသာလည်း ပျက်မသွားရအောင် ထပ်ဖြည့်တဲ့ ဆင်းန်တွေမှာဆိုရင်လည်း ပိုပြီးအရသာရှိအောင် သေချာပြင်ဆင်ထားပါတယ်။ သူများဇာတ်ကို ပြန်ရိုက်တာရော၊ ကိုယ့်တိုင်ဇာတ်ပဲဖြစ်ဖြစ် အကုန်လုံးကတော့ တာဝန်ကြီးပါတယ်။ ဒီကားမှာ ဘုံလိုချင်တဲ့ ပုံစံလေးတချို့ ဖြည့်စွက်ထား တာလည်း ရှိပါတယ်”လို့ ဇာတ်ညွှန်း၊ ဒါရိုက်တာ မင်းမယ်ဘုံက ကို ပြောပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ နေတိုး၊ နေမျိုးအောင်၊ ရှိန်းတင်ထူး၊ ညီနန္ဒ၊ မင်းတေဇ၊ အကယ်ဒမီ ခင်ဝင့်ဝါ၊ လင်းဇာနည်ဇော်၊ ဧည့်သည်သရုပ်ဆောင် ဆုအိမ့်စံ၊ မျိုးမျိုး၊ မေအောင်လံပိုင် စတဲ့ အနုပညာရှင်များစွာ ပါဝင်ကြမှာလည်းဖြစ်ပါတယ်။