၂၀၂၄ ခုနှစ်ကုန်ပြီး ၂၀၂၅ ခုနှစ် ကူးပြောင်းမယ့်ကာလ အနုပညာရှင်တချို့ ဆုမွန်ကောင်းစကားသံ

၂၀၂၄ ခုနှစ်ကိုခေါက်ထားခဲ့ပြီး ၂၀၂၅ ခုနှစ်ကို ရောက်ရှိတော့မယ့်ကာလအတွက် အနုပညာရှင်တချို့ရဲ့ နှစ်ကူးပြောင်း နှစ်သစ်ဆုမွန်ကောင်းတွေကို တင်ဆက်လိုက်ပါတယ် –
 
◾ ကျော်ဆု

ခုလာမယ့် ၂၀၂၅ မှာ ပရိသတ်တွေအားလုံးရော စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ဗျာ။

◾ ရွှေစင်

နှစ်သစ်မှာ ပရိသတ်တွေအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ့်၏ကျန်းမာခြင်းပြည်စုံပါစေလို့ လိုချင်တဲ့အရာတွေ ပျော်ရွှင်ခြင်းတွေ ကံကောင်းခြင်းတွေ အားလုံးကို ၂၀၂၅ ကို သယ်ဆောင်သွားနိုင်ပါစေ ဆုတောင်းပေးပါတယ်။

◾ စိန်လင်း

ကျွန်တော်တို့သည် ၂၀၂၄ ဆိုတဲ့ ခုနှစ်မှာ ပျော်ရွှင်စရာတွေ စိတ်ညစ်စရာတွေ အကုန်ဖြတ်သန်းခဲ့ရတယ်။ ဒါတွေအကုန်လုံးကို အားလုံးထားခဲ့ပြီ ၂၀၂၅ ခုနှစ် တစ်နှစ်တာကာလ ဖြတ်သန်းတဲ့အခါမှာ ကောင်းမွန်တဲ့ ကံကောင်းခြင်းတွေ ကျန်းမာခြင်းတွေ ပျော်ရွှင်ခြင်းတွေကို ပိုင်ဆိုင်နိုင်ကြပါစေ ဆုတောင်းပေးချင်ပါတယ်။ အဓိကတော့ ၂၀၂၅ ခုနှစ်မှာ ဖြတ်သန်းရင် လောကဒဏ် တွေကြုံလာခဲ့ရင်လည်း အသိတရားတွေ သတိတရားတွေနဲ့ မတုန်မလှုပ်ဘဲ အကောင်းဆုံးဖြေရှင်းနိုင်တဲ့ စွမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်ကြပါစေ အသက်ရှုတိုင်းပိုက်ဆံတွေရပြီ အလုပ်အကိုင်တွေလည်း အဆင်ပြေတိုးတက်အောင်မြင်ကြပါစေလို့ ရောဂါဘယတွေလည်း ကင်းဝေးပါစေလို့ ဆုမွန်ကောင်း ဆုတောင်းပေးလိုက်ပါတယ်။

◾ ဟိန်းဝေယံ

အားပေးကြတဲ့ ပရိသတ်များအားလုံး နှစ်သစ်ကစပြီး စီးပွားရေး၊ လုပ်ငန်း‌တွေ အောင်မြင်ကြပါစေ။ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာကြပါစေလို့ ကျွန်တော် ဒီကနေ ခုနစ်ရက်သားသမီး အားလုံးအတွက် ဆုတောင်းမေတ္တာ ပို့သပေးချင်ပါတယ်။

◾ စိုးပြည့်သဇင်

ပရိသတ်ကြီးအားလုံး ခုနစ်ရက်သားသမီးများ အားလုံး နှစ်သစ်မှာ စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းနဲ့အတူ ကံကောင်း ခြင်းတွေ အများကြီး ပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းပေးချင်ပါတယ်။

◾ မင်းတော်ဝင်

၂၀၂၅ ခုနှစ်မှာ ကျွန်တော့်တို့ မျှော်လင့်တဲ့ ဆန္ဒတွေ အားလုံးပြည့်ဝပါစေ။ ဒီနှစ်တစ်နှစ်တာမှာ ကိုယ့်ကြုံ‌တွေခဲ့ရတဲ့ သင်ခန်းစာတွေ အဖြစ်အပျက်တွေကနေပြီးတော့ ပြန်ပြီးတော့ ကောင်းတဲ့ နေရက်တွေ ဖန်တီးနိုင်ပါစေ။ ပိုပြီး ကျန်းမာပါစေ။ ပိုပြီးအောင်မြင်ပါစေ။ ကိုယ်ချစ်ရတဲ့သူတွေကို ပိုပြီး အချိန်ပေးနိုင်ပါစေ။ ပိုပြီး တန်ဖိုးထားနိုင်ပါစေ။

◾ အိစိကွေး

နှစ်သစ်မှာ ကံကောင်းခြင်းတွေ ကိုယ်ချစ်ရတဲ့မိသားစုတွေ အတူတူ စီးပွားတွေတိုးတက်ပြီးတော့ ကျန်းကျန်းမာမာ ချမ်းချမ်း သာသာ စိတ်ပျော်ပျော်ရွှင်ရွှင်နဲ့ ဘာအပူအပင်မှ မရှိဘဲ အများကြီး အတူတူ ရှိနိုင်တွေရှိကြပါစေလို့ ဆုတောင်းပေးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နေပြည်တော်မှာ ပြုလုပ်တဲ့ Myanmar Countdown 2025 စည်ကားခဲ့သလို အေးချမ်းပျော်ရွှင်စွာ ကျင်းပပြီးစီး
Next post (၁-၁-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ