လီဗာပူးလ် – မန်ယူပွဲတွင် လက်မှတ်စျေးနှုန်းအတွက် ဆန္ဒပြရန် ပရိသတ်များစီစဉ်နေ

ဒီဇင်ဘာ ၂၁ ရက်နေ့

လီဗာပူးလ်နှင့် မန်ယူအသင်း၏ ပရိသတ်များသည် လာမည့်လအတွင်း ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ လက်မှတ်စျေးနှုန်းအတွက် ထပ်မံဆန္ဒပြရန် စီစဉ်နေကြောင်း သိရသည်။

လီဗာပူးလ်နှင့် မန်ယူအသင်း၏ ပရိသတ်များသည် လာမည့်လအတွင်း ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ လက်မှတ်စျေးနှုန်းအတွက် ထပ်မံဆန္ဒပြရန် စီစဉ်နေကြောင်း သိရသည်။

ယင်းနှစ်သင်းမှ ပရိသတ်များသည် ဒီဇင်ဘာ(၁) ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့သော မန်ယူ – အဲဗာတန်၊ လီဗာပူးလ် – မန်စီးတီးပွဲများတွင်လည်း လက်မှတ်စျေးနှုန်းမြှင့်တင်ခြင်းအတွက် ဆန္ဒပြခဲ့ကြသည်။

ယခုအခါ ဇန်နဝါရီ(၅)ရက်၌ ယှဉ်ပြိုင်ကစားမည့် လီဗာပူးလ် – မန်ယူပွဲတွင် အန်ဖီးလ်ကွင်း၌ နှစ်ဖက်အသင်းပရိသတ်များ ပူးပေါင်း၍ ဆန္ဒပြရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

ပရီးမီးယားလိဂ်တွင် တစ်ရာသီ စာလက်မှတ်စျေးနှုန်းအများဆုံးစာရင်း၌ မန်ယူက အဆင့်(၇)၊ လီဗာပူးလ်က အဆင့်(၁၀)ရပ်တည်နေကြောင်း သိရသည်။

ပရီးမီးယားလိဂ်ကလပ်များအနေဖြင့် တစ်ရာသီထက် တစ်ရာသီ လက်မှတ်စျေးနှုန်းများ မြှင့်တင်နေခြင်းကြောင့် ပရိသတ်များက ဒေါသထွက်နေကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ” ဆန်းကြယ်သော ဖူးစာ (Season 2 ) ” ဇာတ်လမ်းတွဲ ကန်တော့ပေးပွဲ အခမ်းအနားကျင်းပ
Next post (၂၂-၁၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်