၂၀၂၄ အတွက် FIFA The Best အလှဆုံးသွင်းဂိုးဆုအတွက် ဂါနာချိုရရှိပြီး အကောင်းဆုံးကစားသမားဆုကို ဗီနီစီးယပ်စ်ဆွတ်ခူး

ဒီဇင်ဘာလ ၁၈ရက်နေ့

၂၀၂၄ ခုနှစ်အတွက် FIFA ရဲ့ The Best ဆုတွေထဲမှာ အလှဆုံးသွင်းဂိုး Puskas Award ဆုအတွက် မန်ယူတောင်ပံကစားသမား ဂါနာချိုရရှိပြီး အကောင်းဆုံးကစားသမားဆုကို ဗီနီစီးယပ်စ်က ဆွတ်ခူးနိုင်ခဲ့ပါတယ်။

FIFA က ချီးမြှင့်တဲ့ ၂၀၂၄ ခုနှစ် တစ်နှစ်တာ အကောင်းဆုံးဆု ရရှိခဲ့သူတွေက အကောင်းဆုံးကစားသမားဆုကို ဗီနီစီးယပ်စ် (ရီးရဲမက်ထရစ်)၊ အကောင်းဆုံးဂိုးသမားဆုကို မာတီနက်ဇ် (အက်စတွန်ဗီလာ)၊ အကောင်းဆုံးသွင်းဂိုး Puskas ဆုကို အဲဗာတန်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့တဲ့ပွဲမှာ မန်ယူတောင်ပံကစားသမား ဂါနာချိုက ဘိုင်စကယ်ကစ်နဲ့ နောက်ပြန်ကန်သွင်းယူခဲ့တဲ့ဂိုးကို ရွေးချယ်ခဲ့ပြီး အကောင်းဆုံးနည်းပြဆုကို အန်ဆယ်လော့တီ (ရီးရဲမက်ထရစ်)၊ Fair Play Award ဆုကို သီယာဂိုမိုင်ယာ (အင်တာနေစီယိုနယ်)၊ အကောင်းဆုံး အမျိုးသမီးကစားသမားဆုကို အီတာနာဘွန်မာတီ (ဘာစီလိုနာ)၊ အကောင်းဆုံး အမျိုးသမီးနည်းပြဆုကို အမ်မာဟေးစ် (အမေရိကန်)၊ အကောင်းဆုံး အမျိုးသမီးဂိုးသမားဆုကို အလီဆာနာဟာ (ချီကာဂိုရက်ဒ်စတား) နဲ့ Fan Award ဆုကို ဂူဟာမီး ဂန်ဒယာ မိုယာဆိုတဲ့ ကလေးငယ်က ဆွတ်ခူးနိုင်ခဲ့တာပါ။

ဒါ့အပြင် အကောင်းဆုံး ၁၁ ဦးအသင်းမှာလည်း ဂိုးသမားနေရာ မာတီနက်ဇ်၊ နောက်တန်းမှာ ဆာလီဘာ၊ ဒီယက်စ်၊ ရူဒီဂါ၊ ကာဗာဂျယ်၊ အလယ်တန်းမှာ တိုနီခရူးစ်၊ ရိုဒရီ၊ ဘယ်ဟင်ဟမ်နဲ့ ရှေ့တန်းမှာ ဗီနီစီးယက်စ်၊ ဟာလန်း၊ လမိုင်းယာမယ်လ်တို့ ရွေးချယ်ခံခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Matrix ကနေ ဒေါ်လာ ၁၅၆သန်းရခဲ့တဲ့ Keanu Reeves
Next post မြန်မာ-လာအိုပွဲ အသင့်ဖြစ်နေပြီလို့ နည်းပြချုပ် မျိုးလှိုင်ဝင်း ပြော