(၁၈-၁၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၁၈-၁၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ နိုင်ငံခြားငွေရရှိရန် ချည်ထည်များကို ပြည်ပသို တင်ပိုနိုင်ရေးဆောင်ရွက်ရန် နစက ဥက္ကဋ္ဌတိုက်တွန်း
၂။ ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၈ သန်းကျော်၊ ထိုင်းဘတ် ၁ သန်းနှင့် တရုတ်ယွမ် ၇ သိန်းကျော် ထပ်မံထုတ်ရောင်း၍ ယခုဒီဇင်ဘာလ နှစ်ပတ်ကျော်အတွင်း ဒေါ်လာ ၁၀၉ သန်းခွဲ ထုတ်ရောင်းထား
၃။ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတင်သွင်းရန် ယဉ်ကျေးမှုအမွေအနှစ် (၂၀ဝဝ) ကျော် စာရင်းပြုစုထား
၄။ ပအိုဝ်းဒေသရှိ PNLA ပူးပေါင်းစခန်း (၆) ခုကို တပ်မတော်နှင့် PNO ပူးပေါင်းအဖွဲက တစ်ပတ်အတွင်း အပြီးရှင်း
၅။ ရန်ကုန်မှာ ဥပဒေမဲ့ ဆန္ဒပြခဲ့သူနှစ်ဦး ဧည့်စာရင်းစစ်နဲ့တိုးလို အဖမ်းခံရဟုဆို
၆။ သင်တန်းသား ၁၈ ဦး သေဆုံးခဲ့မှုဖြစ်စဉ်တွင် အဓိကတာဝန်ရှိသူများကို KNDF မှ အမြင့်ဆုံး ပြစ်ဒဏ်ထောင်ဒဏ် (၁) နှစ်ကျော်သာချမှတ်
၇။ ဖလမ်းမြို၌ ခြေကုပ်ယူထားတဲ့ အကြမ်းဖက်နေရာများကို စစ်ကူစစ်ကြောင်းများ ရှင်းလင်း၊ စစ်သွေးကြွများသည် ဆေးရုံနဲ့ RC အဆောက်အဦး၌ နေရာယူထား
၈။ ဒီဇင်ဘာလ ၁၇ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၃၆၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၄၀ ကျပ်၊ Octane 95 – ၃၁၅၀ ကျပ်၊ Diesel – ၂၅၉၀ ကျပ်၊ Premium Diesel – ၃၂၁၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ဘင်္ဂလားဒေ့ရှ်အထွေထွေရွေးကောက်ပွဲကို လာမယ့်နှစ် သိုမဟုတ် ၂၀၂၆ ခုနှစ်မှာကျင်းပမယ်လို အိမ် စောင့်အစိုးရအဖွဲခေါင်းဆောင် ပြော
၂။ အမေရိကန်ပြည်ထောင်စု၊ ဝင်ကွန်ဆင်ပြည်နယ်အတွင်း ကျောင်းတစ်ကျောင်းတွင် ကျောင်းသူ သေနတ်သမားက ပစ်ခတ်၍ ဆရာတစ်ဦးနှင့် ကျောင်းသားတစ်ဦးသေဆုံး၊ခြောက်ဦးဒဏ်ရာရ
၃။ တောင်ကိုရီးယားသမ္မတက စုံစမ်းစစ်ဆေးသူများ၏ ဆင့်ခေါ်မှုကို ဒုတိယအကြိမ် ငြင်းဆို
၄။ တရုတ်နိုင်ငံတွင် ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်မူဝါဒအရ နိုင်ငံခြားသားများ နာရီ ၂၄၀ အထိ နေထိုင်နိုင်ကြောင်း တိုးချဲ့သတ်မှတ်
၅။ နိုင်ငံတကာစစ်ဘက်ဆိုင်ရာဆိုက်ဘာရန်ပုံငွေအဖွဲက ၂၀၂၄ ခုနှစ်မှာ ယူကရိန်းအတွက် ရန်ပုံငွေ ဒေါ်လာ သန်း ၅၀၀ ရှာဖွေနိုင်ခဲ့
၆။ မော်စကိုတွင် လျှပ်စစ်စကူတာထဲ ထည့်ထားသည့် ဗုံးပေါက်ကွဲသဖြင့် ရုရှား၏ နျူကလီးယား ကာကွယ်ရေးတပ်ဖွဲ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးသေဆုံး
အားကစားသတင်းများ
၁။ မြန်မာ-လာအို ပွဲစဉ်အပြီး ပွဲကြည့်ပရိတ်သတ်အတွက် အခမဲ့ အိမ်ပြန်ခရီးစဉ် ဆောင်ရွက်ထား
၂။ ယူ-၁၅ လူငယ်လိဂ်ပြိုင်ပွဲကို ယခုလ ဒီဇင်ဘာနောက်ဆုံးပတ်မှစတင်၍ (၆) လ ကြာ ကျင်းပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်က အသိပေးထုတ်ပြန်ထား
၃။ ၂၀၂၅ ဆီးဂိမ်းတွင် ရိုးရာလက်ဝှေ့ ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဆွေးနွေး
၄။ မြန်မာ့လက်ရွေးစင်ဗိုဗီနမ်အဖွဲ ဘာလီမြိုသိုထွက်ခွာ
၅။ လုခ်မန်းနဲ့ ဘန်ဒါတို အာဖရိက တနှစ်တာ အကောင်းဆုံးကစားသမားများဆု ဆွတ်ခူး
အနုပညာသတင်းများ
၁။ သားလေးမွေးဖွားလာလို လေးယောက်ပေါင်းမှ တစ်ခုဖြစ်လာတယ်ဆိုတဲ့ အဆိုတော် စန္ဒီမြင့်လွင်
၂။ ရွှေကြိုဖြစ်ခွင့်ရရင် နေတိုးကို ရွှေစင်ရုပ်တုပေးအပ်ချင်တယ်ဆိုတဲ့ Angel Kyi Phyu
၃။ လေးပွင့်ဆိုင် အချစ်ဇာတ်လမ်းပုံစံ“ဆန်းကြယ်သော ဖူးစာ” Season 2 ဇာတ်ကား ကန်တော့ပွဲပေး