(၁၅-၁၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၁၅-၁၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ နိုင်ငံဖွံဖြိုးတိုးတက်ရန်အတွက် လိုအပ်သည့် စီးပွားရေးပညာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် သင်ကြားဖြန့်ဖြူးပေးရန်လိုအပ်ကြောင်း နစက ဥက္ကဋ္ဌ ပြောကြား
၂။ သီရိလင်္ကာ-မဲခေါင်စီးပွားရေးကောင်စီ၏ ၁၃ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးသို မြန်မာသံအမတ်ကြီး ဒေါ်မာလာသန်းထိုက် တက်ရောက်မိန့်ခွန်းပြော
၃။ EPS-TOPIK နှင့် Skills Test အောင်မြင်ပြီးသူများအား ဒီဇင်ဘာနောက်ဆုံးရက်သတ္တပတ် (သိုမဟုတ်) ၂၀၂၅ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် အလုပ်လျှောက်လွှာခေါ်ယူမည်
၄။ မိုင်းတုံ-တာဆန်း-တောင်ကြီးသွားကားလမ်းရှိ နမ့်တုံချောင်းကူးတံတားပြန်လည်ပြင်ဆင်နေမှု ဒီဇင်ဘာလ ၂၀ အပြီး ဆောင်ရွက်မည်
၅။ တည်ငြိမ်အေးချမ်းနေသော ဧရာဝတီကို ထိုးဖောက်ဝင်ရောက်လှုပ်ရှားရန် အကြမ်းဖက် NUG စတင်ကြိုးပမ်း
၆။ ငွေအတုနဲ့ wave pay ဆိုင်မှာ အကောင့်ကိုငွေလာဖြည့်သူ ရဲလက်ရောက်
၇။ ညောင်ဦးမြိုတွင် အမျိုးသားတစ်ဦး ယာခင်းထဲ၌ ရှိနေစဉ် အကြမ်းဖက် များမှ သေနတ်ဖြင့်ပစ်ခတ်
၈။ ဒီဇင်ဘာလ ၁၄ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၄၀၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၄၀ ကျပ်၊ Octane 95 – ၃၁၅၀ ကျပ်၊ Diesel – ၂၅၉၀ ကျပ်၊ Premium Diesel – ၃၂၁၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ထရမ့်အစိုးရတက်လာရင် အန္တရာယ်ရှိတဲ့နိုင်ငံထဲမှာ ထိုင်းနိုင်ငံ အဆင့် ၂ အဖြစ် ပါဝင်
၂။ ဘန်ကောက်မှာဖမ်းမိတဲ့အထဲက သူတောင်းစား ၁၂ ယောက်ထဲမှာ ငွေသားဘတ် ၃ သိန်းနဲ့ ဘဏ်အကောင့် ဘတ် ၁ သန်းရှိတဲ့ ထိုင်းအမျိုးသမီးတစ်ယောက်တွေ့ရှိ
၃။ အမေရိကန်၏ပိတ်ဆိုမှုကို ခေတ္တဆိုင်းငံ့ထားရန် TikTok ၏ အယူခံဝင်တောင်းဆိုချက်ကို အမေရိကန်တရားရုံး ပယ်ချ
၄။ နယူးဂျာစီ ကောင်းကင်ယံတွင် ဒရုန်းများ အုပ်ဖွဲပျံသန်းနေ၊ အခြားပြည်နယ်များအပြင် ဗြိတိန်အမေရိကန်လေတပ် စခန်းများဝေဟင်၌ တစ်လနီးပါးကြာ မြင်တွေ့လာရ
၅။ လေ့လာမှုအရ ဗိုင်းရပ်စ်ရောဂါပိုး ၂၂ မျိုး လိင်မှတဆင့် ကူးစက်နိုင်ကြောင်း တွေ့ရှိ
၆။ ဆီးရီးယားအရေးတွင် ပါဝင်ပတ်သက်မည်မဟုတ်ကြောင်း အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပြော
အားကစားသတင်းများ
၁။ မြန်မာ့လက်ဝှေ့သမားများကို ဂျပန်နိုင်ငံပွဲစဉ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဂျပန်- မြန်မာ သဘောတူညီမှုရရှိ
၂။ (၆) ကြိမ်မြောက် Bagan Race 2024 အပြေးပြိုင်ပွဲကို ပြည်တွင်းပြည်ပနိုင်ငံသားများ (၁၄၃၀) ဦးပါဝင်ယှဉ်ပြိုင်
၃။ နိုင်ငံတကာ လက်ဝှေ့ အဖွဲချုပ် ဟာ အဖွဲဝင် နိုင်ငံပေါင်း ၆၀ အထိ ရှိလာ
၄။ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပေဟာ ပေါင်ဒဏ်ရာရရှိခဲ့တာကြောင့် FIFA Intercontinental ဖလား ဗိုလ်လုပွဲအတွက် ပါဝင်ကစားနိုင်ဖို မသေချာသေးကြောင်းသိရ
၅။ ဒိန်းမတ်နိုင်ငံသား နေးလ် နေလ်ဆန်ဟာ ဂျပန်အမျိုးသမီးလက်ရွေးစင်အသင်းကို တာဝန်ယူကိုင်တွယ်မယ့် ပထမဆုံးနိုင်ငံခြားသားနည်းပြဖြစ်လာ
အနုပညာသတင်းများ
၁။ “မေမေ့အချစ်ဦး”ရုပ်ရှင်ဇာတ်ကားမှာ အဓိက သဲစုညိမ်းနဲ့ဖိုက်ရမှာပါဆိုတဲ့ ဩဂတ်စ်မိုး
၂။ အတိတ်ကံမကောင်းခဲ့လို အမေနဲ့အတူမနေရတဲ့ သားတစ်ယောက်ပါဆိုတဲ့ ဒေါင်းဝေ
၃။ နာမည်ကြီး အကအဖွဲတွေနဲ့အတူ “ Christmas Cantata” ပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပ