(၁၀-၁၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၀-၁၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ကျင်းပမည့်ရွေးကောက်ပွဲ၌ ပြည်တွင်း/ပြည်ပမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲများကို စောင့်ကြည့်လေ့လာခွင့်ပြုမည်

၂။ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင် “မြန်မာ့ရိုးရာအတာသင်္ကြန်” ကို အခြားနိုင်ငံများက ပုံစံတူကူးယူအသုံးချပါက ဥပဒေအရ ကာကွယ်နိုင်ခွင့်ရှိလာ

၃။ မြန်မာ-တရုတ်လုံခြုံရေးကုမ္ပဏီ ကိစ္စအချုပ်အခြာအာဏာကို ထိပါးခြင်းရှိ၊ မရှိစိစစ်ပြီးမှသာ လက်မှတ်ရေးထိုးမည်

၄။ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် ဝန်ကြီးဌာနများ နှင့် ဦးစီးဌာနအချိုကို ကြိုးကိုင်၍ NLD ပြင်ဆင်ခဲ့

၅။ အလုပ်ကမ်းလှမ်းစာ (Demand Letter) စိစစ်နိုင်ရန် စာရွက်စာတမ်းများ ကြိုတင်ပေးပိုသည့် ဂျပန်ကုမ္ပဏီများ အကျုံးဝင်မှုမရှိသဖြင့် ပြန်လည်ပေးပိုရန် လိုအပ်ကြောင်း တိုကျိုမြိုရှိ မြန်မာသံရုံး ထုတ်ပြန်

၆။ စလင်းမြိုနယ်တွင် လယ်ကွင်းသို စက်ဘီးဖြင့်သွားသည့် အသက် (၁၂) နှစ်အရွယ်ကလေးတစ်ဦး PDF အဖွဲက ထောင်ထားသည့် မိုင်းနင်းမိ၍ သေဆုံး

၇။ အမရပူရမြိုတွင် ရာအိမ်မှူးတစ်ဦး ကလေးကျောင်းကြိုနေစဉ် သေနတ်ပစ်ခံရ၍ သေဆုံး

၈။ ဒီဇင်ဘာလ ၉ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၃၁၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၆၅ ကျပ်၊ Octane 95 – ၃၁၈၀ ကျပ်၊ Diesel – ၂၆၃၀ ကျပ်၊ Premium Diesel – ၃၂၇၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အိန္ဒိယကိုပစ်မှတ်ထား၍ မတည်ငြိမ်အောင်လုပ်နေဟု မိုဒီ၏ ဘီဂျေပီပါတီက ပြင်းထန်စွာဝေဖန်

၂။ ဆီးရီးယားသမ္မတဟောင်း အာဆတ် ရုရှားသိုရောက်ရှိ

၃။ ရာထူးမှမဆင်းမီအထိ ပြည်တွင်းရေးဝင်မစွက်ဖက်‌တော့ဟု ဟန်ဒေါင်ဟွန်ပြော

၄။ ယူကရိန်းသမ္မတက ရုရှားနဲ့ သဘောတူညီချက် လုပ်ဆောင်ဖို အဆင်သင့်ဖြစ်နေပြီလို ဒေါ်နယ်ထရမ့်ပြော

၅။ ဆီးရီးယားရှိ ရုရှားစစ်သင်္ဘောတွေ ပြန်လည်ဆုတ်ခွာပြီး လက်နက်ခဲယမ်းများပါ ပြန်လည်သယ်ဆောင်နေ

၆။ ဆီးရီးယားနိုင်ငံ မငြိမ်မသက်မှုနှင့်အတူ အစ္စရေးတပ်ဖွဲများက ဂိုလန်ကုန်းမြင့်ဒေသ အပစ်အခတ် ရပ်စဲထားသည့်ကြားခံနယ်ကို သိမ်းပိုက်

အားကစားသတင်းများ

၁။ ကွန်ဗာထရီအသင်းရဲ့နည်းပြသစ် ဖရန့်လမ်းပတ်ဟာ စနေနေ့က ချန်ပီယံရှစ်ပွဲစဉ်အဖြစ် မီလ်ဝေါအသင်းကို ၁ ဂိုးဂိုးမရှိနဲ့အနိုင်ရရှိခဲ့

၂။ လီဗာပူးလ် အသင်းဟာ ရာသီကုန်မှာ စာချုပ် သက်တမ်းကုန်မယ့် တိုက်စစ်မှူး ဆာလာ ကို စာချုပ်သစ်ကမ်းလှမ်းထား

၃။ တူကီယဲနိုင်ငံမှာကျင်းပခဲ့တဲ့ ယူရိုမီယံ ခရော့ ကန်းထရီး ချန်ပီယံရှစ် အပြေးပြိုင်ပွဲမှာ နော်ဝေးနိုင်ငံသား ယာကော့ အင်ဂီဘရစ်ဆန် ကအနိုင်ရရှိခဲ့

၄။ နောက်ခံလူ လုခ်ရှော ထိပ်တန်းအဆင့်ပြန်ရောက်ရန် ကူညီပေးသွားမည်ဟု နည်းပြအာမိုရင် ပြော

၅။ ထောင့်ကန်ဘောသာမက အရာရာ ဘုရင်ဖြစ်ချင်ကြောင်း နည်းပြအာတေတာ ပြော

အနုပညာသတင်းများ

၁။ Mister Friendship International 2024 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အလှမောင် Mister ခွန်းည 2nd Runner Up ဆုကိုရရှိ

၂။ ၂၀၂၅ မှာ ပိုစား၊ ပိုအိပ်ပြီး ဘာမှ မတိုးတက် မကြီးပွားချင်တော့ဘဲ ဆန်ကုန်မြေလေးလို အလေလိုက်ချင်တယ်ဆိုတဲ့ ဝင်းမင်းသန်း

၃။ မာဆတ်မှာ လည်ပင်းလိမ် ဇက်ချိုးပြီး အနှိပ်ခံလို သေဆုံးရတဲ့ ထိုင်းအမျိုးသမီးအဆိုတော်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အသက် ၄၁ နှစ်ပြည့်မွေးနေ့မှာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာက ဆရာတော်၊ သံဃာတော်တွေကို နဝကမ္မဝတ္ထုငွေ လှူဒါန်းခဲ့တဲ့ ဖူးဖူး
Next post (၁၀-၁၂-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ