(၉-၁၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၉-၁၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ တရုတ်-မြန်မာနယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိင်းအောင်မြှင့်တင်သွားရန် ဆန္ဒရှိကြောင်း တရုတ်သံအမတ်ပြော
၂။ ကျင်းပမည့်ရွေးကောက်ပွဲ၌ ပြည်တွင်း/ပြည်ပမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲများကိုစောင့်ကြည့်လေ့လာခွင့်ပြုမည်
၃။ နိုင်ငံတကာအဆင့်မှီ ရွှေအရည်အသွေး စစ်ဆေးရန် ဓါတ်ခွဲခန်း တည်ဆောက်မည်
၄။ ရှမ်းမြောက် က.ည.န ရပ်နားထားတာကြောင့် တောင်ကြီးမှာ ပြောင်းလဲလုပ်ဆောင်မည်
၅။ လေဖိအားနည်း ရပ်ဝန်းဆက်လက်တည်ရှိနေပြီး လာမည့် (၂)ရက်အတွင်း တိုင်းနှင့်ပြည်နယ် (၁၁)ခုတွင် နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်
၆။ ဗန်းမော်မြို တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ၊ ဒေသခံများ ဘေးလွတ်ရာသို ဆက်လက် တိမ်းရှောင်နေရ
၇။ ရှမ်း/တောင် နမ့်စန်မြိုဈေးအတွင်း ဓားပြတိုက်ရန် ကြံစည်သူ အမျိုးသားနှစ်ဦးကို ရဲတပ်ဖွဲက ဖမ်းဆီး
၈။ ဒီဇင်ဘာလ ၈ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၃၃၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၆၅ ကျပ်၊ Octane 95 – ၃၁၈၀ ကျပ်၊ Diesel – ၂၆၃၀ ကျပ်၊ Premium Diesel – ၃၂၇၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ သမ္မတ၏ ရာထူးတည်မြဲရေးအတွက်ကြိုးပမ်းချက်ကို မကျေနပ်သည့် တောင်ကိုရီးယား ပြည်သူထောင်ပေါင်းများစွာက မြိုတော် လမ်းများပေါ်တွင် စုဝေးဆန္ဒပြနေကြ
၂။ ပြင်သစ်တွင် ဒေါသထွက်နေသော အလုပ်သမားထုကြီးက ၎င်းတို လုပ်ခလစာ အပါအဝင် ရပိုင်ခွင့်များရရှိရေးနဲ့ သမ္မတ မာခရွန် ချက်ချင်းနုတ်ထွက်ပေးရေး ဆန္ဒပြနေ
၃။ လျှိဝှက်ဆန်းကြယ်သော လေယာဉ်ပျက်ကျမှုအတွင်း ဆီးရီးယားသမ္မတ ေ-သဆုံးဖွယ်ရှိကြောင်းသတင်းများထွက်ပေါ်
၄။ ဒိန်းမတ်နိုင်ငံထံကနေ F-16 တိုက်လေယာဉ် ဒုတိယအသုတ်ကို ယူကရိန်းအစိုးရ လက်ခံရရှိ
၅။ ဆီးရီးယားနိုင်ငံအတွင်းကနေ ချက်ချင်းထွက်ခွာကြဖို ၎င်းရဲ့နိုင်ငံသားတွေကို ပိုလန်အစိုးရ တိုက်တွန်း
၆။ တောင်ကိုရီးယားသမ္မတကို လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်မှု မအောင်မြင်
အားကစားသတင်းများ
၁။ UFC ဝါရင့် ဖိုက်တာ ကိုဒီဒါန်ဒါ အား အမှတ်ဖြင့်အနိုင်ရရှိခဲ့သည့် ဂျော့ရှုဝါဗန်
၂။ ထိုင်းဘုရင့်သမီးတော်ဖလား မြင်းစီတန်းခုန်ပြိုင်ပွဲဝင်မည့် ဖြိုးကျော်မြင့်သန်း ထိုင်းနိုင်ငံသို ယမန်နေ့က ထွက်ခွာ
၃။ မသန်စွမ်း အားကစားနည်းပြိုင်ပွဲများတွင် ဧရာဝတီတိုင်းဒေသကြီးက ရွှေတံဆိပ် အများဆုံးရရှိထား
၄။ “အုပ်စုတက်ရေးက ပထမဦးစားပေး အုပ်စုတက်ရမယ်လို ခံယူချက်ထားတယ်” လို ပြောဆိုလာတဲ့ နည်းပြဦးမျိုးလှိင်ဝင်းပြော
၅။ အာဆင်နယ်အသင်းဟာ နယူးကာဆယ်တိုက်စစ်မှူး အလက်ဇန်းနား အိုင်ဆက်ကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာခေါ်ယူဖို စောင့်ကြည့်မှုတွေပြုလုပ်နေ
အနုပညာသတင်းများ
၁။ အနုပညာသမားတိုင်းက ကိုယ်မွေးဖွားလိုက်တဲ့ အနုပညာကို ပရိသတ် ဘယ်လိုတုံပြန်မလဲဆိုတာ ရင်ခုန်စွာနဲ့မျှော်လင့်မိတယ် ဆိုတဲ့ နေတိုး
၂။ မိခင်မွေးနေ့အမှတ်တရအနေနဲ့ “အလှဆုံးမေမေ” သီချင်းသစ်တစ်ပုဒ် လက်ဆောင်ပေးခဲ့တဲ့ တေးသံရှင် မေ့ချစ်သက်
၃။ ကိုယ့်ကျန်းမာရေးကို မထိခိုက်တဲ့ အလှအပဆိုင်ရာပြုပြင်မွမ်းမံတာ အကုန်လုံးသဘောကျပါတယ် ဆိုတဲ့ ဆုမွန်