(၉-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၉-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ ဧရာဝတီ – ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် တာဝန်ယူမည်ဖြစ်
၂။ တရုတ်နိုင်ငံသို ရောက်ရှိနေသည့် SAC ဥက္ကဋ္ဌ သည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နှင့်တွေ့ဆုံ၍ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးတိုအတွက် ဆွေးနွေး
၃။ ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/စာရေး(အမျိုးသမီး) သင်တန်းဆင်းပွဲ
၄။ ပြည်သူ့စစ်မှုထမ်းများအဖြစ်စာရင်းရေးသွင်းပြီးမှ အကြောင်းမဲ့ပျက်ကွက်သူများ၊ ဆေးအောင်ပြီးမှ အကြောင်းမဲ့ ပျက်ကွက်သူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် ဗိုလ်ချုပ်ကြီးတင်အောင်ဆန်း မှာကြား
၅။ မြန်မာနိုင်ငံအပါအဝင် မဲခေါင်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များအား ငါးနှစ်သက်တမ်းရှိ ဗီဇာထုတ်ပေးရန် တရုတ်ဆုံးဖြတ်
၆။ ဒူဘိုင်းမြိုတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးကို အမိနိုင်ငံသို ပြန်လည်ပိုဆောင်
၇။ ထိုင်းနိုင်ငံအတွင်း သက်တမ်းလွန်နေထိုင်သူများ ၎င်းတိုနေထိုင်ခဲ့သည့် သက်တမ်းလွန်ကာလအလိုက် ထိုင်းနိုင်ငံအတွင်းသို ပြန်လည်ဝင်ရောက်ခွင့်ကို ပိတ်ပင်မည်ဟု ထိုင်းနိုင်ငံရှိ မြန်မာသံရုံး ထုတ်ပြန်
၈။ နိုဝင်ဘာလ ၈ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၅၂၀,၇၁၅ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၃၀ ကျပ်၊ Octane 95 – ၃၂၁၀ ကျပ်၊ Diesel – ၂၆၁၅ ကျပ်၊ Premium Diesel – ၃၃၄၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ နိုဝင်ဘာလအတွင်း ထရမ့်ပ်နှင့် တွေ့ခွင့်ရရန် ဂျပန်ဝန်ကြီးချုပ် ကြိုးပမ်း
၂။ အမေရိကန်နည်းပညာခိုးယူပြီး တည်ဆောက်ထားတယ်ဆိုတဲ့ J-35 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ် တရုတ် ထုတ်ဖော်ပြသမည်
၃။ သမ္မတပူတင်က ထရမ့်ပ်နှင့်ဆွေးနွေးရန်အသင့်ရှိဟုဆို
၄။ ထရန့် သမ္မတမဖြစ်ခင် ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ အမြန်ပေးဖို ဘိုင်ဒင်အစိုးရ စီစဉ်နေ
၅။ နစ်ဆန်းကားကုမ္ပဏီက ဝန်ထမ်းအယောက် ၉၀၀၀ လျှော့မယ်လို ကြေညာ
၆။ အမေရိကနှင့်တည်ငြိမ်သည့်ဆက်ဆံရေးရလိုဟု ရှီပြော
အားကစားသတင်းများ
၁။ မြန်မာနိုင်ငံဂုဏ်အတွက် ထင်ဟပ်စေမည့် ပြယုဂ်များ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်မည်
၂။ မန်ဒီရဲ့ မရရှိသေးတဲ့ လစာအများစုကို မန်စီးတီး ပေးဆောင်ဖို အမိန့်ချမှတ်
၃။ အာဆင်နယ်အသင်း ချန်ပီယံဆုကို စိန်ခေါ်နိုင်ရန် လုံလောက်မှုမရှိကြောင်း အွန်နရီသုံးသပ်
၄။ ပြင်သစ်အသင်းခေါင်းဆောင် အမ်ဘာပေကို လက်ရွေးစင်လူစာရင်းမှ ချန်လှပ်
၅။ အင်္ဂလန်လက်ရွေးစင်အသင်းတွင် လူငယ်နောက်ခံလူသစ် ၂ ဦး ပထမဆုံးအကြိမ်ပါဝင်လာ
အနုပညာသတင်းများ
၁။ လူကြီးတွေပြောဆို ဆုံးမတဲ့အပေါ်မှာ ဦးနှောက်နဲ့ တစ်ချက်စဉ်းစားသုံးသပ်ပြီးတော့ လိုက်လုပ်ဖြစ်တယ် ဆိုတဲ့ တေဇလင်းရောင်
၂။ အရမ်းဖြူစင် ရိုးသားသလိုနဲ့ အတွင်းစိတ်ထဲမှာ မနာလိုစိတ်အပြည့်ရှိတဲ့လူတွေရဲ့ နောက်ကျောကိုဓားနဲ့ထိုးတာမျိုး ခံခဲ့ရဖူးတယ်ဆိုတဲ့ ထွန်းပုလဲရတနာ
၃။ လာမယ့်နှစ်ဆန်းပိုင်းမှာ ပြသတော့မယ့် “မေတ္တာအမွေ ပုဂံပြည်”ရုပ်ရှင်ဇာတ်ကားကြီးမှာ မြန်မာစကားသံမပီသချိန် ရိုက်ကူးခဲ့တာမို ရင်ခုန်မိတယ်ဆိုတဲ့ အိအိအောင်ထွန်း
၄။ “ရူး” သီချင်းကို အချစ်ကြောင့်ခံစားနေရတဲ့ ပရိသတ်တွေနဲ့ ရင်ဘတ်ချင်းထိဖို မျှော်လင့်ပြီးဖန်တီးထားတယ်ဆိုတဲ့ ခိုင်နိုး