ယခုနှစ်တွင်လည်း ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကျင်းပရန် မသေချာသေးဟုဆို

ယခုနှစ်တွင်လည်း ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကျင်းပရန် မသေချာသေးကြောင်း ပွဲတော်ကျင်းပရေး တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့၏ အထင်ကရပွဲတော်တစ်ခုဖြစ်သည့် ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။ သို့သော် ကိုဗစ်ကာလတွင် ပွဲတော်ကျင်းပနိုင်ခြင်း မရှိဘဲ ၂၀၂၂ ခုနှစ်တွင် ပြန်လည်ကျင်းပခဲ့ကာ ယမန်နှစ် ၂၀၂၃ ခုနှစ်တွင်လည်း အကြောင်းအမျိုးမျိုးကြောင့် မကျင်းပနိုင်ခဲ့ ကြောင်း သိရသည်။

ပြင်ဦးလွင် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရား (ပြည်ချစ်ဘုရား) အနီး မီးပုံးပျံ ကွင်းတွင် ပြုလုပ်ခြင်းဖြစ်ပြီး နှစ်စဉ် ပြည်တွင်း၊ ပြည်ပခရီးသွားများလာရောက်လည်ပတ်လေ့ရှိသည့် မီးထွန်းပွဲတော် တစ်ခုဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၇-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၂၇-၁၀-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ