(၁၆-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၆-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို တင်ဆက်ပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ လက်နက်ကိုင်နည်းလမ်းဖြင့် တောင်းဆိုမှုများ လိုက်လျောဖြေရှင်းပေးသွားမည် မဟုတ်ကြောင်း နစက ဥက္ကဋ္ဌ ပြောကြား

၂။ မြန်မာနိုင်ငံကို အလုံးစုံပိတ်ဆိုမဲ့ Article 33 ကို ILO က ဆွေးနွေးမဲ့အပေါ် မြန်မာ့အလုပ်သမားထုက ကန့်ကွက် ဆန္ဒထုတ်ဖော်

၃။ ပြည်သူ့ရင်ပြင်တွင် တူယှဉ်နွှပျော် သီတင်းကျွတ်လပြည့် အထူးဈေးရောင်းပွဲကြီးကို (၄) ရက်တိုင် ကျင်းပသွားမည်

၄။ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကို ကူညီသည့် QIP စီမံကိန်းငါးခု လက်မှတ်ရေးထိုးပြီး ယခုနှစ်အတွင်း ဒေါ်လာ ၅၀၀,၀၀၀ ဖိုးအထိ ကူညီမည်ဟု အိန္ဒိယအစိုးရ ကတိပြု

၅။ PDF ကြီးစိုးသည့် အညာဒေသ၌ သက်ငယ်မုဒိမ်းမှုများပြားနေပြီး ငွေပေးကျေအေးမှုလည်း ရှိနေ

၆။ စစ်ကိုင်းတိုင်းမှ ကလေး PDF များက ကျောင်းထိုင်ဆရာတော် လေးပါးကို ဖမ်းဆီးပြီး ယနေ့အထိ သေသည်ရှင်သည် မသိရ

၇။ သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပုဂံပြည်ဘီလူးတပ် PDF အဖွဲက ပစ်ခတ် သတ်ဖြတ်

၈။ အောက်တိုဘာလ ၁၅ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၄၂၀,၇၃၁ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၁၀၀ ကျပ်၊ Octane 95 – ၃၃၀၅ ကျပ်၊ Diesel – ၂၆၉၀ ကျပ်၊ Premium Diesel – ၃၃၄၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ အီရန်ရှိ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ရန်သာ စီစဉ်နေခြင်းဖြစ်ကြောင်း နေတန်ယာဟုက ဘိုင်ဒင်အား ပြောကြား

၂။ မြောက်ကိုရီးယားက နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် လမ်းများကို ဖောက်ခွဲဖို ပြင်ဆင်နေဟု ဆိုးလ်ပြော

၃။ တရုတ်က ထိုင်ဝမ်ကျွန်းကိုဝိုင်းပြီး စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်

၄။ လက်ဘနွန်တောင်ပိုင်းတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဟစ်ဇ်ဘိုလာတပ်ဖွဲဝင် ၁၀၀ ကျော်ကို ရှင်းလင်းကြောင်း အစ္စရေးဆို

၅။ ရုရှား၏ နျူလက်နက် မူဝါဒအပြောင်းအလဲအချိန်လင့်နေဟု ဘီလာရုစ်သမ္မတပြော

၆။ နယ်စပ်အနီးရှိအ‌မြောက်တပ်များကိုအသင့်ပြင်ထားရန် ပြုံးယမ်းညွှန်ကြား

အားကစားသတင်းများ

၁။ ရန်ကုန်တိုင်းဘောလုံးအဖွဲချုပ်ဥက္ကဋ္ဌဖလား အ သက်(၂၀)နှစ်အောက် အမျိုးသားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကျင်းပမည်

၂။ အမျိုးသမီး ကစားသမားများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဖွံဖြိုးတိုးတက်မှုအတွက် ရည်ရွယ်ကျင်းပသည့် Empowering Girls On and Off Field Workshop ကျင်းပပြုလုပ်

၃။ အာဆင်နယ်အသင်း၏ ဒဏ်ရာရလူစာရင်းတွင် မာတင်နယ်လီ ပါထပ်တိုးလာ

၄။ နည်းပြဂွါဒီယိုလာကို အင်္ဂလန်လက်ရွေးစင်နည်းပြချုပ်အဖြစ် ခန့်အပ်ရန် အက်ဖ်အေ ကြိုးပမ်း

၅။ အာဂျင်တီးနားထိပ်သီးကလပ် ဘိုကာဂျူနီယာအသင်းဟာ ၃ ပွဲဆက်အရှုးနဲ့ရင်ဆိုင်ခဲ့ရ

အနုပညာသတင်းများ

၁။ ဘွားဘွားရဲ့ အနုပညာအမွေ မြေးလေး‌တွေကိုလက်ဆင့်ကမ်းမယ်ဆိုတဲ့ ဝါဝါဝင်းရွှေ

၂။ ဟာသဇာတ်လမ်းပုံစံ “ကျားကျားနွဲနွဲ” ရုပ်ရှင်ဇာတ်ကားကြီး Movie Preview Show ကျင်းပ

၃။ လူရွှင်တော် လီဂျင်ဟိုရဲ့တရားမဝင်လောင်းကစားအရှုပ်တော်ပုံကြားမှာ BTS အဖွဲဝင်ဂျီမင်လည်း ပါဝင်ခဲ့

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ MSME ထုတ်ကုန် သီတင်းကျွတ် ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော် ကျင်းပမည်
Next post အမြန်လမ်းမှာ တက်နေလင်း ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်လို့ နှစ်ဦးသေ၊ ဆယ်ဦး ဒဏ်ရာရ