UAB ဘဏ်၏ ဒုတိယငွေကြေးတာဝန်ခံကို ဓားဖြင့် ထောက်ပြီး ငွေကျပ် သိန်း ၁၃၀၀ လုယက်

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ UAB စမ်းချောင်းဘဏ်ခွဲမှ ယာဉ်မောင်းတစ်ဦးသည် ဘဏ်၏ ဒုတိယငွေကြေး တာဝန်ခံကို ဓားဖြင့်ထောက်ပြီး ငွေကျပ်သိန်း ၁၃၀၀ နှင့် ဘဏ်ပိုင်ယာဥ်ကို အောက်တိုဘာ ၇ ရက်၊ မွန်း တည့် ၁၂ နာရီခွဲတွင် လုယက်ထွက်ပြေးသွားကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်၊ UAB စမ်းချောင်းဘဏ်ခွဲတွင် ဘဏ်ယာဥ်မောင်းအဖြစ် တာဝန်ထမ်းသူသည် ဘဏ်၏ ဒုတိယငွေကြေး တာဝန်ခံက UAB ဘဏ်ရုံး ချုပ်မှထုတ်ယူလာသည့် ငွေကျပ်သိန်း ၁၃၀၀ ကို စမ်းချောင်းဘဏ်ခွဲသို့ ယူဆောင်လာချိန် လမ်းခုလတ်အရောက်တွင် ဓားထောက်ခြိမ်းခြောက်ကာ လုယက်သွားခဲ့ကြောင်း စမ်းချောင်းမြို့ နယ်လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

“UAB ဘဏ်ရဲ့ယာဥ်မောင်းတစ်ဦးက ဘဏ်ကငွေနဲ့ကားကို လုယက်ထွက်ပြေးသွားတယ်။ အဲဒီအမှုဖြစ်စဥ်နဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့သူတွေက စုံစမ်းစစ်ဆေးနေဆဲပါ။” ဟု စမ်းချောင်းမြိ့နယ် လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

UAB စမ်းချောင်းဘဏ်ခွဲမှ ဒုတိယငွေကြေးတာဝန်ခံထံသည် ဘဏ်ယာဥ်မောင်းဖြစ်သူနှင့်အတူ ဘဏ်ပိုင်မော်တော်ယာဥ် YGN-40, 4L/3922 Suzuki အဖြူရောင် pickup ကိုစီးပြီး ဘဏ်ခွဲသို့ပြန်လာချိန် လမ်းခုလတ်တွင် လုယက်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ ဘဏ်ယာဥ်မောင်းက ဒုတိယငွေကြေးတာဝန်ခံကို ဓါးဖြင့်ခြိမ်းခြောက်ပြီး ယာဥ်ပေါ်လာသည့်ငွေနှင့် ဘဏ်ပိုင်ယာဥ်အပြင် ဖုန်းတစ်လုံးကို လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၁၀၄ နှစ်ပြည့် မြန်မာ့ရုပ်ရှင်နေ့နဲ့ ၄၇ ကြိမ်မြောက် ရုပ်ရှင် သက်ကြီးပူဇော်ပွဲအခမ်းအနားမှာ ဝါရင့်အနုပညာရှင် အတတ်ပညာရှင် ၁၃၉ ဦးအား ကန်တော့ကြမည်
Next post တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား (ကြည်း၊ရေ၊လေ)ဘောလုံးပြိုင်ပွဲတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်း ဗိုလ်စွဲ