နက္ခတ်တာရာပြခန်းကို အာကာသပြခန်းအဖြစ် အဆင့်မြှင့်တင်မည်

ရန်ကုန်မြို့ အလုံလမ်းရှိ နက္ခတ်တာရာပြခန်းကို အာကာသပြခန်းအဖြစ် အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

ယနေ့အောက်တိုဘာလ ၈ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် က အဆိုပါပြခန်းကို သွားရောက်ကြည့်ရှုစဉ် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဋ္ဌေး ကယင်း၏ သမိုင်းကြောင်း နှင့် ပြခန်းဆိုင်ရာအချက်အလက်များ၊ နက္ခတ်တာရာပြခန်းကို ရှင်းပြခဲ့ကြောင်းသိရသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နက္ခတ်တာရာပြခန်းအတွင်းရှိ ပြကွက်အလိုက် ပြသထားရှိမှုများနှင့် ကြယ်နက္ခတ်တာရာများကို လေ့လာခြင်းပြကွက်တို့ကို ကြည့်ရှုခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ နက္ခတ်တာရာပြခန်းကို ဂျပန်မြန်မာချစ်ကြည်ရေး အထိမ်းအမှတ် အဖြစ် ၁၉၈၇ ခုနှစ်တွင်စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး ကျောင်းသားလူငယ်များနှင့်ပြည်သူ များ၊ နက္ခတ်တာရာသိပ္ပံဆိုင်ရာဗဟုသုတများ တိုးပွားလာစေရေး၊ ပညာပေးရေးနှင့် အပန်းဖြေပျော်ရွှင်စေရေး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ နက္ခတ်တာရာပြခန်းကို အဆင့်မြှင့်တင် မှုများပြုလုပ်၍ အာကာသပြခန်းအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ထက်ထက်ထွန်း တက်ရောက်ခဲ့တဲ့ Xiaomi 14T Series မိတ်ဆက်ပွဲ အခမ်းအနား
Next post (၉-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်