Belove Eloved The Eravati Wedding Fair 2024 ကို ၂ ရက်တိုင်တိုင်ကျင်းပမည်

ဝါကျွတ်ကာလ‌ မင်္ဂလာဆောင်နှင်းမယ့် မောင်နှံတွေအဖို့ထူးခြားခမ်းနားတဲ့ အစီအစဉ်များစွာပါဝင်မယ့် Belove Eloved The Eravati Wedding Fair 2024 ကို လာမယ့် နိုဝင်ဘာ ၅ ရက်ကနေ ၆ ရက်မှာ နံနက် ၁၀ နာရီကနေ ညနေ ၆ နာရီအထိ ရန်ကုန်မြို့ ကမ်းနားလမ်းနဲ့ ဆူးလေဘုရားလမ်းထောင့်ရှိ The Eravati Hotel (Formely Rose wood Hotel) မှာ ကျင်းပမှာဖြစ်ပါတယ်။

နာမည်ကြီး အနုပညာရှင်တွေပါဝင်တင်ဆက်ကြမယ့် Belove Eloved The Eravati Press Conference 2024 မိတ်ဆက်ပွဲကို ယနေ့ စက်တင်ဘာ ၂၅ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ ကမ်းနားလမ်းရှိ The Eravati Hotel ကျင်းပခဲ့ပါတယ်။

The Eravati Hotel နဲ့ အတူ KS Collection Wedding Planner တို့ ပူးပေါင်းကျင်းပမယ့် Belove The Eloved The Eravati ပွဲအခမ်းအနားမှာ ထာဝရဝိန်စိန့်ရဲ့ လှပတဲ့ Jewellery တွေနဲ့ နာမည်ကြီး ဒီဇိုင်နာ‌တွေဖြစ်တဲ့ Designer Sha Tra ၊ Designer WonYone တို့က မင်္ဂလာ ဆောင်နှင်းမယ့်သတို့သမီးတွေအတွက် Designer Show Round တွေ အပြင် Wedding Industry များစွာထဲက သတို့သမီးတိုင်းစိတ်တိုင်းကျ ကျေနပ်တဲ့ နာမည်ကြီး Provider Planner တွေ၊ ခမ်းနားလှတဲ့ ပွဲများစွာကို ဖန်တီးပေးနိုင်တဲ့ Floral Decorations၊ လှပတဲ့ Wedding Dress ၊ တစ်သက်စာအမှတ်တရ များစွာ တိကျလှပစွာ ဖန်တီးပေးနိုင်တဲ့ Photo & Video Studio တွေ ၊ Professional Makeup Artist တော်ဝင်သူ မေဦးမောင်ရဲ့ Make Up ဖန်တီးမှုလက်ရာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာ့စီးပွားရေးဘဏ်က အပ်ငွေအတိုးနှုန်းအား အမျိုးအစားအပေါ် မူတည်ပြီး အနည်းဆုံး ၉ ရာခိုင်နှုန်းမှ အများဆုံး ၁၁ ရာခိုင်နှုန်းအတွင်း တိုးမြှင့်သတ်မှတ်
Next post လွိုင်ကော်မြို ရေဘေး အတွက် သိန်း၅၀၀၀ လှူခဲ့တဲ့ ခိုင်နှင်းဝေ