ညောင်ဦးတွင် မီးပြတ်နေသဖြင့် ဖယောင်းတိုင်မီးထွန်းရာမှ ငှက်ကြီးခေါင်းကျ ဘုန်းကြီးကျောင်း မီးလောင်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ ငှက်ကြီးခေါင်းကျ ဘုန်းတော်ကြီးကျောင်းတွင် စက်တင်ဘာ ၂၁ ရက်၊ ည ၈ နာရီ က မီးပြတ်နေသဖြင့် ဖယောင်းတိုင်မီးထွန်းထားရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ထံမှ သိရသည်။

သက်တမ်းနှစ်တစ်ရာကျော် ငှက်ကြီးခေါင်းကျ ဘုန်းတော်ကြီးကျောင်းမှ ငှက်ပစ်တောင်ဘုရား အုတ်တံတိုင်းရှေ့ရှိ သစ်သား ဖြင့်ဆောက်လုပ်ထားသည့် နှစ်ထပ်ဘုန်းတော်ကြီးကျောင်းတစ်ခုလုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

“ငှက်ကြီးခေါင်းကျ ဘုန်းကြီးကျောင်းဟာ သက်တမ်းနှစ်တစ်ရာကျော်ရှိတဲ့ ဘုန်းကြီးကျောင်းဖြစ်ပါတယ်။ ရေနံ ချေးဝနေ(သစ်သားများကြာရှည်ခံအောင် ရေနံချေးသုတ်ထား)တဲ့ ကျောင်းဖြစ်ပါတယ်။ မီးပြတ်နေလို့ ကျောင်းထဲမှာ ဖယောင်းတိုင်မီးကနေ ကျောင်းတစ်ကျောင်းလုံး မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။” ဟု ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာမှ တာဝန်ရှိသူတစ်ဦးထံမှ သိရပါသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ညောင်ဦးမြို့နယ် မီးသတ်ယာဥ် ၁၀ စီးဖြင့် ငြိမ်းသတ်ခဲ့ပေးခဲ့ရာ နာရီဝက်အကြာတွင် မီးငြိမ်း သတ်ခဲ့ ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုတွင် ရဟန်းသံဃာတော်များ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Vivo Myanmarမှ V Series Ambassador အသစ်အ​ဖြစ် သရုပ်ဆောင် ခင်ဝင့်ဝါအား ခန့်အပ်