(၂၁-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၁-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက် Fx Trading Platform တွင် စက်သုံးဆီလုပ်ငန်းရှင်များအား ဒေါ်လာသန်း ၃၀ ထုတ်ရောင်းမည်

၂။ ရေဘေးသင့် ပြည်သူများအတွက် အလှူငွေလက်ခံပွဲကို ပြည်နယ်နှင့် တိုင်း ၈ ခုတွင် ကျင်းပမည်ဖြစ်ပြီး တက်ရောက်လှူဒါန်းလိုသူများ ဆက်သွယ်နိုင်

၃။ အပူပိုင်းမုန်တိုင်း Soulik ကြောင့် ယနေ့နံနက်မှ စက်တင်ဘာ ၂၅ ရက်အထိ ပြည်နယ်နှင့်တိုင်း ၁၃ ခုတွင် မိုးထစ်ချုန်းရွာခြင်းနှင့် လေပြင်းတိုက်ခတ်နိုင်၍ သတိပြုရန်လို

၄။ WHO မှ လှူဒါန်းသည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး ၂.၄၅ သန်း ရန်ကုန်သို ရောက်ရှိလာ

၅။ ရခိုင်မြောက်ပိုင်းမှာ ကြောက်မက်ဖွယ်အရေပြားရောဂါ ပိုမိုပျံ့နှံလာပြီး ကူးစက်ခံရသူ ၅၀၀ ကျော်အထိရှိနေ

၆။ PDF နဲ့ ဆက်သွယ်နေတဲ့ သံဖြူဇရပ်က လူမှုကူညီရေးအသင်းဥက္ကဋ္ဌအပါအဝင် အသင်းဝင်ငါးဦးကို ဖမ်းဆီးစစ်ဆေးနေဟုဆို

၇။ မြန်မာအပါအဝင်နိုင်ငံခြားသားများစွာကို ကွာလာလမ်ပူလေဆိပ်မှ တရားမဝင်ခိုးသွင်းပေးခဲ့သည့် လဝက အကြီးတန်း အရာရှိကြီးတစ်ဦး၊အရာရှိ၄၉ ဦးနှင့်ပွဲစားများကို မလေးရှားအာဏာပိုင်များဖမ်းဆီး

၈။ စက်တင်ဘာလ ၂၀ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၂၁၆,၀၁၂ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၆၀ ကျပ်၊ Octane 95 – ၃၂၁၅ ကျပ်၊ Diesel – ၂၅၇၅ ကျပ်၊ Premium Diesel – ၃၂၃၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ အမေရိကန်နဲ့ ဗြိတိန်က စိတ်ထိန်းဖို ပြောနေတဲ့ကြားက အစ္စရေးလေယာဉ်တွေ လက်ဘနွန်တောင်ပိုင်းကို ပြင်းပြင်းထန်ထန်တိုက်ခိုက်

၂။ အိန္ဒိယအမြောက်ကျည်တွေ ယူကရိန်းကို ရောက်နေလို ရုရှားဒေါသထွက်နေ

၃။ အမေရိကန်ရဲ့မဟာမိတ်နိုင်ငံတွေဆီကို ၃ မိနစ်နဲ့ ဒုံးကျည်အရောက်ပစ်ခတ်နိုင်ကြောင်း ရုရှားပြော

၄။ ယူကရိန်းက အဝေးပစ်လက်နက်များသုံးလာပါက နျူကလီးယားစစ်ပွဲဖြစ်လာနိုင်ဟု အနောက်တိုင်းအား ရုရှားသတိပေး

၅။ အရှေ့အလယ်ပိုင်းတင်းမာမှုမြင့်တက်နိုင်ခြေရှိ၍ သက်ဆိုင်သူများကို အမေရိကသတိပေး

၆။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ၄၅ ရက်အတွင်း အမှု ၁၅၀ ဖြင့်တရားစွဲထား

အားကစားသတင်းများ

၁။ ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းဖို ထွန်းထွန်းမင်းရဲ့ မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံခါးပတ်ကို အမည်မဖော်လို​သူက ကျပ်သိန်း ၅၀၀ နဲ့ လေလံအောင်

၂။ ထိုင်းဖိုက်တာခွန်ဆုတ်ကို One မှာ ရှုးခဲ့တဲ့အရှုးအတွက် ပြန်ပြီး မကုစားနိုင်တဲ့အ​ပြင် ဥဇဘက်ဖိုက်တာကိုပါ ဒီညမှာ အမှတ်နဲ့ထပ်ရှုးခဲ့တဲ့ မြန်မာ့ချန်ပီယံသွေးအေးကျား

၃။ ပြည်ပပြိုင်ပွဲ ယှဉ်ပြိုင်ရန် ပဏာမ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း စခန်းဝင်လေ့ကျင့်မှုစတင်

၄။ ယာမယ်နှင့် ဘယ်လင်ဂမ်တို ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်နိုင်ဟု စီရော်နယ်ဒိုသုံးသပ်

၅။ အာဆင်နယ်နှင့်ပွဲတွင် မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းပါဝင်ကစားရန် မသေချာ

အနုပညာသတင်းများ

၁။ ဗုဒ္ဓဘာသာနိုင်ငံဆိုတော့ ပုံလေးတစ်ပုံတက်လာတာနဲ့ လှူချင်စိတ်တွေက ရှိနေတာကိုက ဝမ်းသာစရာပါဆိုတဲ့ ဦးအောင်လွင်

၂။ ကျော်ထက်အောင်ကို အမြဲတမ်း တည်တည်ခန့်ခန့်ပဲ မြင်နေရတော့ သူချစ်ခင်ဇာတ်ကားထဲက ကာရိုက်တာကို မြင်လိုက်တဲ့အချိန်မှာ အရမ်းကိုအံအားသင့်ခဲ့ရတယ်ဆိုတဲ့ အိအိအောင်ထွန်း

၃။ ဟိုးအရင် ဇာတ်ကားတွေစရိုက်ကတည်းက တစ်ဖက်သတ်ပဲ ကြိုက်ရတာဆိုတော့ တိုက်တိုက်ဆိုင်ဆိုင်လေးလည်း ပေးကြိုက်ပါဦးဆိုတဲ့ ဆုမြတ်နိုးဦး

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရေဘေးသင့် ပြည်သူများအတွက် အလှူငွေလက်ခံပွဲကို ပြည်နယ်နှင့် တိုင်း ၈ ခုတွင် ကျင်းပမည်ဖြစ်ပြီး တက်ရောက် လှူဒါန်းလိုသူများ ဆက်သွယ်နိုင်
Next post (၂၁-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ