(၁၉-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၉-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နစက ဥက္ကဋ္ဌ ပျဉ်းမနားမြိုနယ်၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်ပြည်သူများအား သွားရောက်အားပေး၊ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်

၂။ နေပြည်တော်၌ အဆင့်မြင့်အိမ်ရာစီမံကိန်း သုံးခု အကောင်အထည်ဖော် တည်ဆောက်မည်

၃။ မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများကို အခမဲ့ သယ်ယူ ပိုဆောင်ပေးလျက်ရှိ

၄။ နော်ဝေးက ရေဘေးသင့်မြန်မာနိုင်ငံအတွက် ဒေါ်လာငါးသိန်း ကူညီ

၅။ စစ်ကိုင်းတွင် ယာခင်းများသို တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာ သားများကို PDF အဖွဲက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး

၆။ မှော်ဘီလေတပ်ကို ဗုံးခွဲမည့် Dark Shadow အဖွဲ ဗုံးမခွဲမီ ၂ ဦး ဖမ်းဆီးခံရ၍ ရန်ကုန်မှပါ ထွက်ပြေး

၇။ စစ်ကိုင်းမြိုနယ်၊ ကြွယ်ပုံကျေးရွာဒေသခံများအား PDF ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ၁၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိ၊ မြစ်သားမြိုနယ် ခရုတုတ်ကျေးရွာမှ သံဃာတော်တစ်ပါး PDF သတ်ဖြတ်မှုကြောင့် ပျံလွန်တော်မူ

၈။ စက်တင်ဘာလ ၁၈ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၂၀၉,၅၃၇ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၅၀ ကျပ်၊ Octane 95 – ၃၁၉၅ ကျပ်၊ Diesel – ၂၆၁၀ ကျပ်၊ Premium Diesel – ၃၂၇၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ဒက္ကာကနေ ဟောင်ကောင်သွားတဲ့ Cathay Pacific Airways လေယာဉ်ပေါ်မှာ ခရီးသည်တစ်ဦး မူးလဲပြီး သေဆုံး

၂။ တိုင်ဖွန်းမုန်တိုင်းရာဂီ၏အရှိန်ကြောင့် ရေကြီးရေလျှံ မှုများ ဖြစ်ပေါ်ခဲ့သည့် မြန်မာပြည်သူများအတွက် အိန္ဒိယနိုင်ငံက ဆေးဝါး၊ လူသုံးကုန်နှင့် စားသောက်ကုန် ၅၃ တန် ကူညီလှူဒါန်း

၃။ လက်ဘနွန်နှင့် ဆီးရီးယားနိုင်ငံအတွင်း ဟစ်ဇ်ဘိုလာအဖွဲဝင်များ ကိုင်ဆောင်ကြသည့် Pager ခေါ် ရေဒီယိုသတင်းလက်ခံစက်များ အဆက်မပြတ်ပေါက်ကွဲ၍ လူ ၁၆ ဦးသေဆုံးကာ လူထောင်ချီ ဒဏ်ရာရမှုအပေါ် အစ္စရေးလက်ချက်ဟု စွပ်စွဲ

၄။ တရုတ်လေယာဉ်တင်သင်္ဘောက ဂျပန်နိုင်ငံရေပိုင်နက်အတွင်း ပထမဆုံးဝင်ရောက်လာ

၅။ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဆင့်အတန်း ရုပ်သိမ်းခံရပြီးနောက်ပိုင်း ကက်ရှ်မီးယားဒေသ၌ ပထမဆုံးအကြိမ် ရွေးကောက်ပွဲ ပြုလုပ်

၆။ ပါလက်စတိုင်းကိုပြန်မသိမ်းဘဲ အပစ်ရပ်ဖို ဟားရစ်တောင်းဆို

အားကစားသတင်းများ

၁။ ကယန်းလက်‌ဝှေ့မယ် ဘရော်နီကာ ရှမ်းတောင်နှင့် ကယားပြည်နယ်ရေဘေးသင့်ပြည်သူများအတွက် ကျပ်(၁၀)သိန်း ပါဝင်လှူဒါန်း

၂။ လယ်ဝေးဒေသရှိ ရေဘေးသင့်အိမ်ထောင်စု (၁,၂၀၀)စုအတွက် မြန်မာ့ဘောလုံးမိသားစုများ သွားရောက် ထောက်ပံ့လှူဒါန်း

၃။ ကစားသမားတွေအနေနဲ့ ပြိုင်ပွဲတွေတိုးလာတာနဲ့ပတ်သက်ပြီး စိတ်ပျက်နေကြောင်း မန်စီးတီး ကွင်းလယ်လူ ရိုဒရီ ပြောဆို

၄။ ရေနံနဲ့သဘာဝ ဓာတ်ငွေ့လုပ်ငန်းကြီးများဟာ အားကစားလောကမှာ စပွန်ဆာအဖြစ် ဒေါ်လာ ၅.၆ ဘီလီယံ သုံးစွဲ

၅။ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်ကို ကြည့်ရှုဖိုအတွက် ခရီးထွက်လာသည့် လီဗာပူးပရိသတ်တစ်ဉီး ယာဉ်မတော်တဆမှု ဖြစ်ပွားကာ သေဆုံး

အနုပညာသတင်းများ

၁။ ၄၇ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် ကျပ် ၃ သိန်းလှူဒါန်းခဲ့တဲ့ ဝါဝါဝင်းရွှေ

၂။ Mercury Band ရဲ့ ၅ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ထွက်ရှိလာတဲ့” အမှိက်ပုံးထဲကသီချင်းများ” Album သစ်မိတ်ဆက်

၃။ ကိုယ်ချက်တဲ့ဟင်းတွေထဲမှာ ကိုကို အကြိုက်ဆုံးက ကြက်စွတ်ပြုတ်ပဲဆိုတဲ့ သွန်းဆက်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post “အတတ်နိုင်ဆုံး မူလအခြေအနေ အတိုင်းဖြစ်အောင် ကျွန်တော်တို့ကူညီပေးပါမယ်”ဟု ရေဘေးသင့်ပြည်သူများကို နစက ဥက္ကဋ္ဌ အားပေး
Next post (၁၉-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ