မိုးအဆက်မပြတ်ရွာသွန်းကြောင့် ရွှေစက်တော်ဘုရား ရင်ပြင်တော်အထိ ရေများဝင်ရာက်

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ ရွှေစက်တော်ဘုရား ရင်ပြင်တော်ပေါ်သို့ စက်တင်ဘာ ၁၂ ရက်၊ ညပိုင်းမှစတင်ကာ မန်းချောင်းရေများ ဝင်ရောက်နေကြောင်း ရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ အဆက်မပြတ် ရွာသွန်းသည့်မိုးကြောင့် မန်းချောင်းရေ မြင့်တက်ပြီး ရွှေစက်တော်ဘုရားကြီး၏ အောက်စက်တော်ရာ နဂါးအိုင်ဘက်ခြမ်းမှစတင်ကာ ရင်ပြင်တော်ပေါ်သို့ ရေများစတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့ကတည်းက ရေတွေ တဟုန်ထိုးဝင်ရောက်နေတာ။ မိုးအဆက်မပြတ် သည်းသည်းထန်ထန် ရွာသွန်းတာ ကြောင့်ပေါ့။ အခု မန်းချောင်းထဲကို တောင်ကျရေတွေ ဝင်ရောက်နေတာ။ မန်းချောင်းရေကလည်း ထိုးပြီးမြင့် တက်နေတယ်။” ဟု မန်းချောင်းအနီးနေထိုင်သူတစ်ဦးက ပြောသည်။ ဘင်္ဂလားပင်လယ်အော်မှ လေပွေလှိုင်း၏အရှိန်ကြောင့် မင်းဘူးမြို့နယ် အတွင်း စက်တင်ဘာ ၁၂ ရက်က မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျခြင်း၊ ဆက်သွယ်ရေးတာဝါတိုင်နှင့် လျှပ်စစ်မီးတိုင်များ လဲကျခြင်းတို့ဖြစ် ပွားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၃-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၁၄-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်