(၉-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၉-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ည်တွင်းသတင်းများ

၁။ NCA (၉)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် NSPNC ၊ 7 EAO Alliance နှင့် နိုင်ငံရေးပါတီများ ထပ်မံ တွေ့ဆုံနိုင်ဖွယ်ရှိ

၂။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်

၃။ နိုင်ငံခြား ငွေကြေးစျေးကွက်အတွင်း ဒေါ်လာစျေး ဆက်တိုက်ကျဆင်းလာပြီး စက်တင်ဘာ ၈ ရက် ညပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၅၁၅၀ ဝန်းကျင်အထိ ကျဆင်း

၄။ ရှမ်းပြည်နယ်၊ ဟိုပုံးမြိုတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၃/၂၀၂၄) ကတိသစ္စာခံယူပွဲနှင့် ကျောင်းဆင်းပွဲစစ်ရေးပြ အခမ်းအနား ကျင်းပ

၅။ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာစေတီတော်အနီး ဂယာကမ္မဌာန်း‌တိုက် ဦးဆောင် တည်ထောင်သည့် ဆရာတော်ဘဒ္ဒန္တ ဉာဏဝရ ဘဝနတ်ထံပျံလွန်တော်မူ

၆။ အင်္ကျီချုပ်တာ ပုံမကျလို မိန်းမချင်း စကားများရာက အင်္ကျီအပ်သူအမျိုးသမီးရဲ့ယောက်ျားက အပ်ချုပ်သူအမျိုးသမီးကို ဓားနဲ့ ထိုးမှု တောင်ဥက္ကလာမှာ ဖြစ်ပွား

၇။ လားရှိးမြိုနေရာတချိုကို လေကြောင်းတိုက်ခိုက်ခံခဲ့ရ

၈။ စက်တင်ဘာလ ၈ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၀၇၇,၁၇၁ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၂၁၅ ကျပ်၊ Octane 95 – ၃၃၅၅ ကျပ်၊ Diesel – ၂၇၁၀ ကျပ်၊ Premium Diesel – ၃၃၉၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ မြောက်ကိုရီးယားက တောင်ကိုရီယားဘက်သို မီးပုံးပျံ ၅ရက်ဆက်တိုက် လွှတ်တင်ခဲ့သည်ဟု တောင်ကိုရီးယား ဆို

၂။ အမေရိကန်ဒုသမ္မတ ကာမာလာဟားရစ်အပေါ် အားပေးထောက်ခံခဲ့တဲ့ ရုရှားသမ္မတပူတင်ကို စိတ်ပျက်မိကြောင်း ဒေါ်နယ်ထရမ့်ပြော

၃။ ပါပူးဝါး နူးဂီနီ သို ပုပ်ရဟန်းမင်း သွားရောက်ကာ ဆေးဝါးအထောက်အပံ့ပစ္စည်းများ ပေးအပ်

၄။ ဂျာမန်စစ်သင်္ဘောနှစ်စင်း ထိုင်ဝမ်ရေလက်ကြားကိုဖြတ်မည်

၅။ တက်တူးအများဆုံးနဲ့ ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုအများဆုံးဂင်းနစ်စံချိန်နှစ်ခုကိုရရှိခဲ့တဲ့ အမေရိကန်အမျိုးသမီး

၆။ စစ်ဆင်ရေးပြီးဆုံးခဲ့သည့်အတွက် ဂါဇာဒေသရှိ ဂျီနင်မြိုမှ အစ္စရေးတပ်ဖွဲဝင်များ ပြန်လည်ဆုတ်ခွာ

အားကစားသတင်းများ

၁။ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား လက်ဝှေ့ပြိုင်ပွဲတွင် အောင်ပွဲရ နမ့်စန်မြိုနယ် လက်ဝှေ့အသင်းအား မြိုခံများက ဂုဏ်ပြုကြိုဆို

၂။ ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော်ကို စက်တင်ဘာ(၁၄)ရက်နေ့မှ (၂၄)ရက်နေ့အထိ အားကစားနည်း (၂၄)နည်းဖြင့် ကျင်းပသွားမည်

၃။ အာရှအားကစားပြိုင်ပွဲအတွက် ပိုမိုကောင်းမွန်တဲ့ဈေးကွက်ရှာဖွေနိုင်ခြင်းနဲ့ စပွန်ဆာပိုမိုရရှိလာပါက ယခုထက်ပိုမိုအသက်ဝင်လာမှာဖြစ်ကြောင်း အာရှအိုလံပစ်ကောင်စီရဲ့ယာယီဥက္ကဋ္ဌ ပြော

၄။ အာဒိုဂန်ကို မရှုမလှအရေးနိမ့်ပေမဲ့ ထိုးသတ်ကြေးတင်ဒေါ်လာတစ်သိန်းရခဲ့တဲ့ အောင်လ

၅။ ဟာလန်းကို လုပ်ခအများဆုံးပေးပြီး သက်တမ်းတိုးရန် မန်စီးတီး စီစဉ်

အနုပညာသတင်းများ

၁။ ပစ္စည်းရှိလူတန်းစားဖြစ်အောင် ဒိုက်တွေထိုးခဲ့ရတယ်ဆိုတဲ့ ညီထွဋ်ခေါင်

၂။ “လရောင်အောက်က ကုမုဒြာ” နဲ့ “ရင်ထဲကငိုကြွေးသံ” ဇာတ်လမ်းတွဲ ၂ ကား ထုတ်လွှင့်ပြမယ့်အကြောင်း စာနယ်ဇင်းမိတ်ဆက်

၃။ The Heritage Flavour Restaurant & Lounge က ညီနန္ဒကို Brand Ambassador ခန့်အပ်ပွဲ အနုပညာရှင်များစွာတက်ရောက်ခဲ့

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၈-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post ညောင်ရွှေမြို၌ အင်းလေးဖောင်တော်ဦး ဘုရားပွဲတော် သီတင်းကျွတ်လဆန်း (၇)ရက်နေ့မှ စတင်ကျင်းပမည်