မြစ်ရေကြီးမှုဖြစ်ပေါ်နေတဲ့ နေရာတွေက ပြည်သူတွေကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထောက်ပံ့လှူဒါန်းနေ

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေကြီးမှုဖြစ်ပေါ်နေတဲ့ နေရာတွေရှိ ပြည်သူတွေကို ထောက်ပံ့လှူဒါန်းဖို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဦးဆောင်မှုနဲ့ အနုပညာရှင်တွေနဲ့ ရုပ်ရှင်ချစ်သူတွေက စုပေါင်းလှူဒါန်း နေတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးအနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ကတည်းက ဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှုတွေကို တော်တော်လေးလည်း စိတ်မကောင်းဖြစ်ရပါတယ်။မြစ်ကြီးနား ရေကြီးမှုက စလိုက်တာ ခုဆိုရင် တိုင်းနဲ့ပြည်နယ်တွေ တော်တော်များများ ရေဘေးဒုက္ခတွေကြုံနေရတယ်။ ရုပ်ရှင်အစည်းအရုံးအနေနဲ့လည်း နိုင်တဲ့ဘက်က ကူညီပေးနေပါတယ်။ အရင်ဆိုရင် အနုပညာရှင်တွေကိုယ်တိုင် ရေဘေးဖြစ်ပေါ်တဲ့ နေရာအထိ လိုက်လံပြီး ကူညီဆောင်ရွက်တာတို့ အလှူငွေတွေ ပေးအပ်ခဲ့ကြတယ်။ အခုကတော့ ကိုယ်တိုင်ကိုယ်ကျ မသွားရောက် နိုင်ပေမယ့် တိုင်းနဲ့ပြည်နယ်အလိုက် တာဝန်ရှိသူကို သေချာဆက်သွယ်ပြီး ချိတ်ဆက်လှူဒါန်းနေပါတယ်။ အနုပညာလောကသားတွေအပြင် စေတနာရှင်တွေလည်း ပါဝင် လှူဒါန်းကြပါတယ်” လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ ရုပ်ရှင်ထုတ်လုပ်သူနဲ့ ရုပ်ရှင်ရုံလုပ်ငန်းရှင်တချို့က မကြာခင်က ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ် မြစ်ကြီးနားအတွက် စုပေါင်း အလှူငွေကျပ် ၁၂ သိန်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွက် အလှူငွေကျပ်သိန်း ၅၀ ၊ မွန်ပြည်နယ်အတွက် ကျပ် ၁၀ သိန်း တို့ကို သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ ၊ တိုင်းနဲ့ပြည်နယ်ဗီဒီယို အခြေခံအဖွဲ့တွေကတစ်ဆင့် ပေးပို့ လှူဒါန်းခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင် ပြည်နယ်တွေကို ငွေကျပ် ၁၀ သိန်းဆီ ဆက်လက်ပေးပို့နိုင်ဖို့ ချိတ်ဆက် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ယနေ့အထိလက်ခံရရှိခဲ့တဲ့ အလှူငွေ ကျပ် တစ်ရာ့ရှစ်သိန်းခြောက်သောင်းကိုးရာ အနက် ကျပ်ကိုးဆယ့်နှစ်သိန်းငါး‌သောင်းနဲ့ ရုပ်ရှင်နဲ့ထုတ်လုပ်သူ လှူဒါန်းငွေကျပ် ၉သိန်းခွဲ၊ စုစုပေါင်းကျပ် တစ်ရာ့နှစ်သိန်းကို ရေဘေးအတွက် လှူဒါန်းပြီးဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လောက်ကိုင်တွင် MNDAA အဖွဲ့က ဗမာလူမျိုး၅၀၀ခန့်ကို ဖမ်းဆီးထားဟုဆို
Next post (၃၀-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်