ဆိုက်ဘာလုံခြုံရေး အသိပညာပေးဗီဒီယိုပြိုင်ပွဲ ၂၀၂၄ (တက္ကသိုလ်အဆင့်)ကို Online မှတစ်ဆင့် ကျင်းပ ပြုလုပ်မည်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပမည့် ဆိုက်ဘာလုံခြုံရေး အသိပညာပေးဗီဒီယိုပြိုင်ပွဲ ၂၀၂၄ (တက္ကသိုလ်အဆင့်)ကို Online မှတစ်ဆင့် ကျင်းပပြုလုပ်မည်ဟု အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန၊ ပြိုင်ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။ ပြိုင်ပွဲဝင်လိုသူများအနေဖြင့် ပြိုင်ပွဲဝင်လျှောက်လွှာနှင့် ပြိုင်ပွဲဝင်ဖိတ်ခေါ်ခြင်း အသေးစိတ် အချက်အလက်များကို အောက်ပါ Link တွင် Download ရယူနိုင်မည်ဖြစ်သည်။

https://www.ncsc.gov.mm/CAVC2024_RegistrationForm.pdf

https://www.ncsc.gov.mm/CAVC2024_Announcement.pdf

ပြိုင်ပွဲဝင်ဗီဒီယိုဖိုင်သည် မိမိကိုယ်ပိုင်ဖန်းတီးမှုဖြစ်ပြီး အခြားသူ၏မူပိုင်ခွင့်၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ အခွင့်အရေးတို့အား ချိုးဖောက်ခြင်းမရှိရဟု သိရသည်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(၄)ရက်နေ့တွင် ဗီဒီယိုဖိုင်အား နောက်ဆုံး တင်သွင်းရမည်ဖြစ်ပြီး ဩဂုတ်လ(၂၄)ရက်နေ့တွင် နေပြည်တော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂)တွင် ဆုချီးမြှင့်သွားမည်ဖြစ်သည်။

ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယ ၏ဆုနှင့် နှစ်သိမ့်ဆု (၂) ဆုတို့ချီးမြှင့်သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ပထမဆုရရှိသော Video ဖိုင်အား ဘရူနိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ASEAN – JAPAN Cybersecurity Awareness Video Competition – 2024 ပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြု ပေးပို့ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။

နိုင်ငံကိုယ်စားပြု ပေးပို့ယှဉ်ပြိုင်ရာမှ ဆုရရှိပါက ပထမဆုအတွက် အမေရိကန်ဒေါ်လာ (၂၀၀၀)၊ ဒုတိယဆုအတွက် အမေရိကန်ဒေါ်လာ(၁၅၀၀)နှင့် တတိယဆုအတွက် အမေရိကန်ဒေါ်လာ (၁၀၀၀)အသီးသီး ချီးမြှင့်သွားမည်ဖြစ်သည်။

အသေးစိတ်သိရှိလိုပါက အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန၏ ဝဘ်ဆိုက် www.ncsc.gov.mm သို့ လည်းကောင်း၊ ဖုန်းနံပါတ် – ၀၆၇-၃၄၂၂၂၇၂ သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၂၀၂၄ ခုနှစ် ၆ လတာကာလအတွင်း YSX ၌ ရှယ်ယာစောင် ရေပေါင်း ၂ သန်းကျော်၊ တန်ဖိုး ကျပ်သန်း ၆ ထောင် ကျော်ဖိုး ရောင်းချခဲ့ရဟုဆို
Next post (၁၉-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ