ပြည်သူ့စစ်မှုထမ်းများဆင့်ခေါ်ရာတွင် အသက်မပြည့်သူများ မပါရှိစေရေး အထူးဂရုစိုက်ရန်လိုဟုဆို

ပြည်သူ့စစ်မှုထမ်းများဆင့်ခေါ်ရာတွင် အသက်မပြည့်သူများ မပါရှိစေရေး အထူးဂရုစိုက်ရန်လိုကြောင်း ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောသည်။

ဇူလိုင်လ ၁၂ ရက်က ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၅/၂၀၂၄)တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ ထပ်မံဖွင့်လှစ်မည့် ပြည်သူ့စစ်မှုထမ်းသင်တန်းများ အတွက် Time Frame များ သတ်မှတ်ဖြန့်ဝေပေးထားပြီး ဖြစ်သည့်အတွက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ် များကို သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး Check List များဖြင့် စစ်ဆေးဆောင်ရွက်ရန် ၊ ပြည်သူ့ စစ်မှုထမ်းဆိုင်ရာ အချက်အလက်များကို ရပ်ကွက်၊ကျေးရွာအုပ်စုအဆင့် ၊တိုင်းခရိုင်အဆင့်များကလည်း စနစ်တကျ တာဝန်ပေး ကြပ်မတ်ရန် ၊ ပြည်သူ့ စစ်မှုထမ်းအဖြစ် စာရင်းရေးသွင်းပြီးမှ အကြောင်းမဲ့ ပျက်ကွက်သူများ၊ ဆေးအောင်ပြီးမှ အကြောင်းမဲ့ပျက်ကွက်သူများ ၊သင်တန်းကျောင်းသို့ ရောက်ရှိပြီးမှ ခွင့်မဲ့ပျက်ကွက်သူများအတွက် သက်ဆိုင်ရာ နေပြည်တော် ကောင်စီ ၊တိုင်းဒေသကြီး ပြည်နယ်များမှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် ၊ ပြည်သူ့စစ်မှုထမ်းအဖြစ် ကိုယ်ပိုင် အမှတ်ရရှိပြီးမှ ခွင့်မဲ့ပျက်ကွက်သူများအတွက် သက်ဆိုင်ရာဥပဒေနှင့်အညီဆောင်ရွက်ရန်လည်း ၎င်းကပြောသည်။

ယင်းအပြင် ပြည်သူ့စစ်မှုထမ်းများဆင့်ခေါ်ရာတွင် အသက်မပြည့်သူများ မပါရှိစေရေး အထူးဂရုပြုဆောင်ရွက်ကြရန် ၊ကင်းလွတ်ခွင့် ၊ လျှော့ပေါ့ခွင့် ၊ ရွှေ့ဆိုင်းခွင့် တင်ပြလာမှု များကိုဗဟိုအဖွဲ့သို့ သတ်မှတ်ချိန်အတွင်း တင်ပြမှသာ သင်တန်းကျောင်းသို့ မရောက်မီ အချိန်မီခွင့်ပြုပေးနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ကြောင်း သိရသည်။

ယခုအခါ ပြည်သူ့စစ်မှုထမ်း သင်တန်း(၃)ခုရှိပြီးဖြစ်ကာသင်တန်းအမှတ်စဉ်(၄)အတွက် လျာထားချက် ပြည့်မီအောင် ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ထားကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၃-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ၂၀၂၄ ကိုပါအမေရိကဖလား ဗိုလ်လုပွဲပထမပိုင်းအပြီးမှာ ဖျော်ဖြေမယ့် ရှက်ကီယာ