၂၀၂၄ ကိုပါအမေရိကဖလား ဗိုလ်လုပွဲပထမပိုင်းအပြီးမှာ ဖျော်ဖြေမယ့် ရှက်ကီယာ

ရှက်ကီယာဟာ ဇူလိုင် ၁၄ ရက်၊ တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ကိုပါအမေရိကဖလားဗိုလ်လုပွဲမှာ ဖျော်ဖြေမှာဖြစ်ကြောင်း တောင်အမေရိကဘောလုံးအဖွဲ့ချုပ် (CONMEBOL)က ဇူလိုင် ၉ ရက်၊ အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။ ရှက်ကီယာဟာ မိုင်ယာမီက Hard Rock အားကစားကွင်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ပွဲစဉ်ရဲ့ ပထမပိုင်းအပြီးမှာ သီဆိုဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ ဒီပွဲကို ပရိသတ် ၅၄,၀၀၀ တက်ရောက်လာဖို့ မျှော်လင့်ထားပါတယ်။

“ရှက်ကီယာက ကမ္ဘာတခုလုံးကို မှင်တက်သွားစေသူ ထူးခြားကောင်းမွန်လွန်းတဲ့ တောင်အမေရိက ကြယ်ပွင့်တဦးပါ”လို့ CONMEBOL ဥက္ကဋ္ဌ Alejandro Domínguez က ထုတ်ပြန်ချက်မှာ ပြောပါတယ်။

“သူမရဲ့ သီချင်းတွေက ကမ္ဘာမြေရဲ့ ထောင့်တိုင်းမှာ သီဆိုကခုန်ပြီး သူမရဲ့ အနုပညာက ကမ္ဘာ့ဖြစ်ရပ်ဆန်းအဖြစ် ပြောင်းလဲသွားတယ်။ ဒါက နယ်ခြားစည်းတွေကို ဖြတ်ကျော်ပြီး သန်းနဲ့ချီတဲ့ လူတွေကို ပျော်ရွှင်စေပါတယ်။ ၂၀၂၄ ကိုပါအမေရိကမှာ သူမရဲ့ ဖျော်ဖြေမှုက ကျန်းမာတဲ့ စိတ်အားထက်သန်မှုနဲ့ အားကစားကတဆင့် စည်းလုံးမှုဆိုင်ရာ သတင်းစကားကို မြှင့်တင်ပေးမှာ သေချာပါတယ်”

Featuring အနေနဲ့ Cardi B ပါဝင်သီဆိုထားတဲ့ ရှက်ကီယာရဲ့ နာမည်ကြီး “Puntería” သီချင်းဟာ TelevisaUnivision ရဲ့ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ ရုပ်သံတင်ဆက်မှုအတွက် official သီချင်းဖြစ်ပါတယ်။ CONMEBOL နဲ့ ကွန်ကာကဖ်အဖွဲ့ချုပ် တို့မှ အသင်း ၁၆ သင်းပါဝင်မှုနဲ့အတူ အမေရိကန်မှာ ကျင်းပတဲ့ ပြိုင်ပွဲကို ဇွန်လ ၂၀ ရက်က စတင်ပြီး ဇူလိုင် ၁၄ ရက်မှာ ပြီးဆုံးမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်သူ့စစ်မှုထမ်းများဆင့်ခေါ်ရာတွင် အသက်မပြည့်သူများ မပါရှိစေရေး အထူးဂရုစိုက်ရန်လိုဟုဆို
Next post (၁၃-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ