ရုံတင်ငွေ ဒေါ်လာ ၁ ဘီလျံကျော်ရရှိလာပြီး စံချိန်တွေတင်နေတဲ့ “Barbie” ရုပ်ရှင်

Barbie ရုပ်ရှင်သည် ယခုအခါတွင် ကမ္ဘာတစ်ဝှမ်းရှိ Box Office တွင် ဒေါ်လာ ၁ ဘီလီယံ (ပေါင် ၇၈၄ သန်း) ကျော် ရှိနေပြီဖြစ်ပါသည်။ ဒါရိုက်တာ Greta Gerwig နှင့် Margot Robbie တို့ ပါဝင်သရုပ်ဆောင်ထားသည့် အဆိုပါ ဇာတ်ကားသည် သီတင်းပတ်ကုန်တွင် နောက်ထပ် $127m (£99m) ဖြင့် ရောင်းအားကို ဆွဲထုတ်ပြီးနောက် တနင်္ဂနွေနေ့တွင် “Barbillion” သို့ ရောက်ရှိခဲ့သည်။
ဟယ်ရီပေါ်တာဇာတ်ကားတွေအပါအဝင် တခြားသော Warner Bros က ထုတ်လုပ်တဲ့ ကားတွေထက် ပိုပြီး “Barbie” ရုပ်ရှင်က ရုံတင်ငွေ လျင်မြန်စွာ ပိုမိုရရှိနေတာဖြစ်ပြီး ရုံတင်ရက်တူခဲ့တဲ့ Oppenheimer ရုပ်ရှင်ဟာလည်း ကမ္ဘာတစ်ဝှမ်းမှာ ရုံတင်ငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ရရှိနေပြီပဲ ဖြစ်ပါတယ်။

“Barbie” ရုပ်ရှင်ကို ထုတ်လုပ်ခဲ့တဲ့ Warner Bros Pictures က ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ မြောက်အမေရိကရုပ်ရှင်ရုံတွေကနေ အမေရိကန် ဒေါ်လာ ၄၅၉ သန်းနဲ့ တခြားနိုင်ငံ ရပ်ခြားရုပ်ရှင်ရုံတွေကနေ ဒေါ်လာ ၅၇၂ ဒသမ ၁ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၃၁၅ ဘီလျံ ရရှိခဲ့တယ်လို့ မနေ့က ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။
Ref; Sky News
https://news.sky.com/story/barbie-film-tops-1bn-in-box-office-sales-breaking-the-record-for-a-female-director-12935190

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ” SAMSUNG ” ရဲ့ ဖုန်းအသစ်ဖြစ်‌သော ” Galaxy Z Fold5 / Z Flip5 ” မိတ်ဆက်ပွဲသို့ တက်ရောက်လာသော အိန္ဒြာကျော်ဇင်
Next post ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ (၅၆) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့သို့ သဝဏ်လွှာ ပေးပို့