” တေးတစ္ဆေ ” Musical Drama Series ရဲ့ မိတ်ဆက်ပွဲ အခမ်းအနားကျင်းပ

Hey Play ရဲ့ Original Series ဖြစ်တဲ့ ” တေးတစ္ဆေ ” Musical Drama Series ရဲ့ မိတ်ဆက်ပွဲ အခမ်းအနားကို ဇူလိုင်လ (၄) ရက်နေ့ ညနေပိုင်းက Melia Hotel , Inya Ballroom , Level (1) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားကို ပါဝင်ထားသော အနုပညာရှင်များစွာ နဲ့အတူ အခြားသော အနုပညာရှင်များကလည်း တက်ရောက်ခဲ့ကြပါတယ်။ 👏🎊🎉

📝ဇာတ်လမ်း အကယ်ဒမီ ညိုမင်းလွင် 📝ဇာတ်ညွှန်း ဝင်းမြင့်ဦး၊ ဆူးခက်မင်း📽ဒါရိုက်တာ ကိုသားညီ ပုံဖော်ရိုက်ကူးထားပြီး ထက်ယံ 🔹အုပ်စိုးခန့် 🔹နေထွဋ်🔹Jason Ace 🔹 ALADIN 🔹 အေးမြဖြူ🔹မေလသံစဉ် 🔹အမရာဘုဏ်း 🔹ယွန်း🔹 ဆုလှိုင် တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ 🌼 HEY Play ရဲ့ 🌸 Original Series တစ်ခုဖြစ်တဲ့☠️ တေးတစ္ဆေ ☠️ ဇာတ်လမ်းတွဲ ကို 👉ဇူလိုင်လ ၉ ရက်နေ့မှစတင်ပြီး အပတ်စဉ် (အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး) နေ့တိုင်း HEY Play application နှင့် HEY Play YouTube channel များတွင် ထုတ်လွှင့်ပြသသွားမည်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လားရှိုးမြို့ဒေသခံများ မော်တော်ယာဉ်များတွင် အလံဖြူ ထောင်ကာ အခြားဒေသများသို့ ‌ပြောင်းရွှေ့
Next post Agency အသေးစားဘဏ်ကို စစ်သွေးကြွ PDF (၆)ဦးမှ ငွေကျပ်သိန်း (၆၀၀)ခန့် ဓားပြတိုက်သွား