မန်ယူကို ပြန်ရောက်လာပြီဖြစ်တဲ့ ဂန္ထဝင်တိုက်စစ်မှူး

မန်ယူအသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးဟောင်းဖြစ်တဲ့ ရုဒ်ဗန်နစ္စတယ်ရွိုင်းဟာ နည်းပြတန်ဟက်ဂ်ရဲ့ လက်ထောက်နည်းပြ အဖြစ်နဲ့ မန်ယူမှာ လုပ်ကိုင်ဖို့ကို သဘောတူညီလိုက်ပြီပဲဖြစ်ပါတယ်။ သူဟာ လာမယ့်ရာသီအတွက် မန်ယူအသင်းမှာ နည်းပြတန်ဟက်ဂ်နဲ့အတူတူ လက်တွဲလုပ်ကိုင်တော့မှာပဲဖြစ်ပါတယ်။

PSV အသင်းမှာ လေးစားလောက်ဖွယ် အရည်အသွေးကို ပြသနိုင်ခဲ့ပြီးနောက် နစ္စတယ်ရွိုင်းကို နည်းပြအဖြစ်ခန့်အပ်ဖို့ ကြိုးစားခဲ့တဲ့အသင်းတွေရှိခဲ့ပါတယ်။ အထူးသဖြင့် ဘန်လေအသင်းဟာ နစ္စတယ်ရွိုင်းကို နည်းပြအဖြစ်ခန့်အပ်ဖို့ တောက်လျှောက် ကြိုးပမ်းခဲ့တာပဲဖြစ်ပါတယ်။

အလားတူ မန်ယူအသင်းကလည်း သူ့ကို လက်ထောက်နည်းပြအဖြစ်ခန့်အပ်ဖို့ ကြိုးစားခဲ့ပြီး ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့တာပါ။ အဲဒီနောက် နစ္စတယ်ရွိုင်းဟာ ဘန်လေကို ငြင်းပယ်ခဲ့ပြီး မန်ယူကို ရွေးချယ်လိုက်တာပဲဖြစ်ပါတယ်။ လက်ရှိမှာ ပြုပြင် ပြောင်းလဲမှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ မန်ယူအသင်းဟာ နည်းပြအဖွဲ့ဝင် အပြောင်းအလဲတွေ ပြုလုပ်နေတာဖြစ်ပြီး Go Ahead Eagle အသင်းရဲ့ နည်းပြဖြစ်သူ ရီနီ ဟေ့ခ် ကိုလည်း နည်းပြအဖွဲ့ဝင် အဖြစ် ခန့်အပ်ဖို့ စီစဥ်နေတာပဲဖြစ်ပါတယ်။

မန်ယူအသင်းမှာ ၂၀၀၁ ကနေ ၂၀၀၆ အထိ ကစားခဲ့ပြီး ၂၁၉ ပွဲမှာ ဂိုးပေါင်း ၁၅၀ အထိသွင်းပြီး အောင်မြင်မှုများစွာရရှိခဲ့တဲ့ နစ္စတယ်ရွိုင်းဟာ အခုတော့ အသင်းဟောင်း မန်ယူရဲ့ ပရောဂျက်အသစ်မှာပါဝင်ဖို့ စိတ်လှုပ်ရှားခဲ့ပြီး အခုလိုပဲ ပြန်လာဖို့ ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်။

မန်ယူအသင်းဟာ လက်ရှိနည်းပြတန်ဟက်ဂ်ကိုလည်း သက်တမ်းတိုးတော့မှာဖြစ်ပြီး လာမယ့်အပတ်ထဲမှာပဲ အားလုံး အပြီးအစီးဖြစ်တော့မှာပါ။ မန်ယူရဲ့အပြောင်းအလဲမှာ ဂန္ထဝင်ကြီးတစ်ဦးကို ပြန်မြင်တွေ့ရတော့မှာဖြစ်ပြီး နစ္စတယ်ရွိုင်း အနေနဲ့ မန်ယူကို တန်ဟက်ဂ်နဲ့အတူတူ အောင်မြင်မှုပြန်ရအောင် လုပ်ပေးနိုင်မလားဆိုတာကိုပဲ စောင့်ကြည့်ရတော့ မှာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြစ်ကြီးနားတွင်ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်နေ
Next post (၁-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ