ရုရှားတွင် ယနေ့ ကျင်းပသည့် နဂါးလှေလှော်ပြိုင်ပွဲ ရွှေတံဆိပ်ဆုရရှိခဲ့တဲ့ မြန်မာ

ဇွန်လ ၂၉ ရက်

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Barnaul မြိုတွင် ဇွန်လ၂၈ ရက်နေ့မှ ဇူလိုင် ၁ ရက်နေ့အထိ ကျင်းပလျက်ရှိသည့် နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲတော်(နဂါးလှေ‌လှော်)ပြိုင်ပွဲ (Internation Sports Festival Altai Regatta. Dragon Festival ) ပြိုင်ပွဲကို ယနေ့ဒေသစံတော်ချိန် ၂ နာရီ ၄၀ မိနစ်တွင် ကျင်းပခဲ့ရာ မီတာ(၂၀၀) အမျိုးသား (၁၀)တက်လှော်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု လှေလှော်အားကစားအဖွဲမှ ပထမ(ရွှေတံဆိပ်)ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါပြိုင်ပွဲတွင် အိမ်ရှင်ရုရှားနိုင်ငံ ၊ မလေးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ကမ္ဘောဒီယားနိုင်ငံ၊ ဥဇဘက္ကစ္စတန်နိုင်ငံနှင့် မြန်မာနိုင်ငံတို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ မီတာ(၂၀၀) အမျိုးသား (၁၀)တက်လှော်ပြိုင်ပွဲတွင် စံချိန် ၄၃ ဒသမ ၆၀၂ ဖြင့် မြန်မာနိုင်ငံက ပထမ(ရွှေတံဆိပ်)ဆုကိုလည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံက စံချိန် ၄၃ ဒသမ ၆၅၀ ဖြင့် ဒုတိယ(ငွေတံဆိပ်)ဆုကိုလည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံက စံချိန် ၄၅ ဒသမ ၇၀၁ ဖြင့် တတိယ(ကြေးတံဆိပ်)ဆုကိုလည်း ကောင်း၊ ဖိလစ်ပိုင်နိုင်ငံက စံချိန် ၄၆ ဒသမ ၇၀၆ ဖြင့် စတုတ္ထနေရာကိုလည်းကောင်း ၊ စံချိန် ၄၉ ဒသမ ၄၅၈ ဖြင့်ပဥ္စမနေရာနှင့် စံချိန် ၅၂ ဒသမ ၆၄၄ ဖြင့် ဆဋ္ဌမ‌နေရာတိုကို ရုရှားနိုင်ငံတိုကလည်း‌ကောင်း အသီးသီး ရရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာလှေလှော်အားကစားအဖွဲမှ မြန်မာနိုင်ငံ‌လှေလှော်အဖွဲချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းနှင့် အုပ်ချုပ်/နည်းပြ (၂)ဦး၊ အမျိုးသား အားကစားသမား(၁၂)ဦးတိုသည် မီတာ(၂၀၀) ၊ မီတာ(၅၀၀) နှင့် မီတာ(၂၀၀၀) ပြိုင်ပွဲများကို ဆက်လက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post “လှတောသားကွဖျားသွားမယ်”ရုပ်ရှင်ဇာတ်ကားကြီး Premier Show ပွဲကျင်းပ
Next post (၃၀-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်